ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ယဉ်ကျေးမှုပြတိုက် (မော်လမြိုင်) ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါ်နုမြဇံ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ယဉ်ကျေးမှုပြတိုက် (မော်လမြိုင်) ကြည့်ရှုစစ်ဆေး

 


 နေပြည်တော်၊ မတ် ၂၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့က မွန်ပြည်နယ် ယဉ်ကျေးမှုပြတိုက် (မော်လမြိုင်) သို့ရောက်ရှိပြီး ပြတိုက်၌ ခင်းကျင်းပြသထားသော မြန်မာ့သမိုင်းကြောင်းပြခန်း၊ သဘာဝပေါက်ပင်နှင့် ဒေသတွင်း ကျေးငှက်တိရစ္ဆာန်ပြခန်း၊ မွန်ရိုးရာ ဓလေ့ထုံးစံများပြခန်း၊ လက်မှုအနုပညာလုပ်ငန်းများပြခန်း၊ မွန်စာပေပြခန်း၊ မွန်တူရိယာများပြခန်း၊ ဒေသတွင်း ထူးခြားထင်ရှားသူများပြခန်း စသည့်ပြခန်းများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြတိုက်တာဝန်ခံက ပြတိုက်အတွင်း ခင်းကျင်းထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက အများပြည်သူ ပိုမိုစိတ်ဝင်စားရန်အတွက် ခေတ်မီနည်းစနစ်များကိုအသုံးပြု၍ ခင်းကျင်းထားရှိရေး၊ ပြတိုက်သို့လာရောက်ကြည့်ရှုသော ပြည်သူလူထုနှင့် ကျောင်းသား ကျောင်းသူများ ဗဟုသုတပိုမိုရရှိအောင် အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ် လုပ်ဆောင်သွားရေးအတွက် လိုအပ်သည်များကို မှာကြားကာ ဝန်ထမ်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)