ဘိုကလေး , မတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပညာရေးမှူးရုံး၊ ပညာရတနာခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်၌ မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုအခမ်းအနား ကျင်းပဆောင်ရွက်သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ဝန်ထမ်းများ၊ ဘိုကလေးမြို့ပေါ် အခြေခံပညာကျောင်းပေါင်းစုံမှ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ကြပြီး မြို့နယ်ပညာရေးမှူး ဦးနန်းထိုက်ကျော်က မြန်မာ့သနပ်ခါးသည် လွန်ခဲ့သော နှစ်ပေါင်း(၂၀၀၀)ခန့်က မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ရပ်အနေဖြင့် စတင်အသုံးပြုခဲ့သောကြောင့် မြန်မာ့ရိုးရာအမွေအနှစ်အား လက်ဆင့်ကမ်းထိန်းသိမ်းတတ်ရန်နှင့် ကမ္ဘာ့ဒြပ်မဲ့စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေး ယခုကဲ့သို့ လှုပ်ရှားမှုများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး သနပ်ခါးလှုပ်ရှားမှု အခမ်းအနားသို့ တက်ရောက်လာကြသူများက သနပ်ခါးနှင့်ပတ်သတ်၍ လိမ်းခြယ်လက်တွေ့သရုပ်ပြမှုများ၊ မြန်မာ့သနပ်ခါးဆိုင်ရာ ခင်းကျင်းပြသမှုများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
မိုးစက်
https://t.me/MyanmarNationalPost
No comments:
Post a Comment