ရွှေပြည်သာမြို့နယ်၌ နွေရာသီအားကစားသင်တန်းများဆင်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေပြည်သာမြို့နယ်၌ နွေရာသီအားကစားသင်တန်းများဆင်းပွဲ အခမ်းအနားကျင်းပ



ရွှေပြည်သာ၊ မတ် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ရွှေ ပြည်သာမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအားကစားသင်တန်းများဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား/သူများက သရုပ်ပြသကြသည်။  ဆက်လက်၍ မြိူ့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်မေသွယ်နှင့်အဖွဲ့ဝင်များက သင်တန်းဆင်း ဂုဏ်ပြုကတ်များ အားပေးအပ်ခဲ့သည်။

ရွှေပြည်သာမြို့နယ်တွင် နွေရာသီအခြေခံ အားကစားနည်း(၅)မျိုးကို (၂၅-၂-၂၀၂၅)မှ(၂၆-၃-၂၀၂၅)ရက်နေ့အထိ သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား/သူ(၁၀၂၅) တက်ရောက်ခဲ့ကြောင်း သိရသည်။


နေမျိုးထွန်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)