တချို့က ရွှေဘိုမှာ အေးဆေးပါ။ ရေခဲဖြစ်ပြီလို့ ပြောကြလိမ့်မယ်။ အဲဒီလို ပြောလာရင် စာရေးသူအနေနဲ့ က လိမ်နေတာလို့ ပြောပါ့မယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ ရွှေဘိုနယ်ကနေ ဆေးလာကုသူ တစ်ဦးရဲ့ ပြောပြချက်အရ မန္တလေး - ရွှေဘိုလမ်းပေါ်မှာ နီပိန်း ပဒက် အကြမ်းဖက်ဂိတ် (၁၈)ဂိတ် ဖြတ်သန်းခဲ့ရတယ်။ စစ်ဆေးတာခံရတယ်။ တချို့ဂိတ်တွေမှာ လမ်းဆင်းလျှောက်ပေးရတယ်။ ဒါတွေကို စစ်ကြောင်းထိုးစရာ မလိုဘဲ ဒရုန်းနဲ့ ရှင်းပေးရင်တောင် ရပါတယ်လို့ ပြောဆိုပါတယ်။ ဒါကိုလည်း ကျွန်တော် တင်ပြပြီးပါပြီ။
ထပ်မံပြီး ရွှေဘိုနယ်က လူတစ်ယောက်နဲ့ တွေ့ရတဲ့အခါကြတော့ အဲဒါ ဂိတ်တွေ လျော့သွားတာ။ ယခင်က ပဒက် ဂိတ် (၃၁) ဂိတ်ရှိတယ်တဲ့။ သူ့အပြောအတိုင်း ဆက်ပြောရရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မလှမ်းမကမ်းမှာကို ဂိတ်ဖွင့်ပြီး တောင်းနေကြတာလို့ ပြောတယ်။ သဘောကတော့ မင်းတို့လည်းတောင်း၊ ငါတို့လည်းတောင်းမယ်ဆိုတဲ့ ပုံစံမျိုးပါပဲ။
ရွှေဘိုနယ်ထဲက ပြည်သူ့စစ်ရွာတွေမှာလည်း အခက်အခဲရှိတယ်။ ရိက္ခာပြဿနာ၊ လက်နက်ခဲယမ်းလိုအပ်ချက် ပြဿနာတွေ ရှိပါတယ်။ တင်ပြတောင်းခံလည်း မသိကျိုးကျွန်ပြုနေတဲ့ သဘောမျိုး ကြုံနေကြရတယ်။ ပြည်သူ့စစ်ရွာတွေ စုပေါင်းပြီး နေထိုင်ရတဲ့ အခြေအနေ ရှိပါတယ်။ ဘိန်းစား ပဒက်များဟာ စိုက်ပျိုးတဲ့အချိန်မှာလည်း လာပြီးတိုက်ခိုက်တယ်။ ကောက်ပဲသီးနှံရိတ်သိမ်းချိန်ဆိုလည်း လာပြီးတိုက်ခိုက်တယ်။ ကောက်ပဲသီးနှံ ရိတ်သိမ်းဖို့ကို ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လုံခြုံရေးပေးပြီး ရိတ်သိမ်းမယ်ဆိုတာကို ခွင့်မပြုတာမျိုးလည်း ကြုံရတယ်လို့ ဆိုပါတယ်။
ရွှေဘိုနယ်ထဲမှာလည်း အကြမ်းဖက်ဘေးအန္တရာယ်ကို အံတုရင်ဆိုင်ပြီး ပြည်သူ့စစ်တွေကို ဦးဆောင်နေတဲ့ အမျိုးသမီးတစ်ဦး ရှိပါတယ်။ သူမဟာဆိုရင်လည်း သူတတ်နိုင်သမျှ စွမ်းစွမ်းတမံ လုပ်ဆောင်လျက်ရှိပါတယ်။ သို့ပေသော် လိုအပ်ချက်ကို တင်ပြအကူအညီတောင်းခံလို့ အဆင်မပြေတဲ့ အခြေအနေမှာ ပဒက်နှိမ်နင်းရေးက အောင်မြင်သင့်သလောက် မအောင်မြင်ပါဘူး။
ရွှေဘိုနယ်ထဲက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ဘိန်းစား ပဒက်တွေ လာတိုက်တာကို ခံပြီး မသေလိုဘူး။ အသေမခံချင်ဘူး။ ဘိန်းစား ပဒက်စခန်းတွေကို သိနေကြတယ်။ လိုက်တိုက်ပြီး ရှင်းပစ်မယ်။ တိုက်ရင်း အသေခံမယ်လို့ ဆုံးဖြတ်ထားသူတွေလည်း ရှိပါတယ်။ သို့သော် လက်နက်ခဲယမ်း ပံ့ပိုးပေးမှု အားနည်းတော့ လုပ်ချင်တိုင်းလည်း မလုပ်နိုင်ပါဘူး။
စားနပ်ရိက္ခာ ဘာအခက်အခဲ ရှိသလဲလို့ မေးရင် တချို့သက်ကြီးရွယ်အိုတွေ အဟာရပြတ်ပြီး သေဆုံးကုန်ရတယ်။ တစ်ခုတည်းနဲ့ ပြည့်စုံအောင် ပြောလိုက်မယ်ဗျာ -
ဆားမရှိလို့ သစ်ရွက်ကို ပြာချပြီး ဆားအဖြစ် အသုံးပြုနေကြတယ်။ ပြည်သူ့စစ်ရွာတွေကို ထည့်ပြီး ရေးသားဖော်ပြလို့ ရပါတယ်။ လက်ချိုးရေတွက်လို့ရတဲ့ ပမာဏ တာဝန်ရှိသူတွေ သိပြီး ဖြစ်မှာပါ။ ဒါကြောင့် ထည့်မရေးတာပါ။
ဒီကနေ့ (၄-၃-၂၀၂၄)ရက်နေ့မှာ ထပ်မံသတင်းပေးပို့လာတာကတော့ ရွှေဘိုမြို့နယ်၊ ကျားရွာမှာ KIA အကြမ်းဖက်သမား (၅၀)ခန့် ဘိန်းစာ နီပိန်း ပဒက်တွေကို သင်တန်းလာပေးနေတယ်လို့ ဆိုပါတယ်။ ၃-၃-၂၀၂၅ ရက်နေ့ကမှ ရောက်လာတာလို့ ပြောပါတယ်။
ကျွန်တော်တို့က တည်ငြိမ်အေးချမ်းမှုကို လိုလားသူတွေပါ။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များဆိုသည်မှာလည်း ကိုယ့်ဒေသမှာ တည်ငြိမ်အေးချမ်းစေချင်လို့ အကြမ်းဖက်နှိမ်နင်းရေးမှာ ပူးပေါင်းပါဝင်ကြသူတွေ ဖြစ်ပါတယ်။ ဘိန်းစား ပဒက်တွေကို သတ်ချင်လွန်းလို့ မဟုတ်ပါဘူး။ စစ်သွေးကြွ ငမိုက်သား ဘိန်းစား ပဒက်တွေကြောင့် နစ်နာဆုံးရှုံးခဲ့ရတာတွေ များလွန်းမက များလှပြီး အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးခဲ့ရပြီ။
ဒီအခြေအနေကို ထောက်ထားကြည့်ရင် ရွှေဘိုဟာ ရေခဲလား၊ ရေခဲ ဖြစ်အောင် ဘယ်လို လုပ်ရမလဲ။ တာဝန်ရှိသူတွေ အနေနဲ့ တကယ်အလုပ် မလုပ်ဘဲ နားအေးပြီးရော ရေခဲ မလုပ်သင့်ပါဘူး။
ပြည်ဖျက်မိစ္ဆာ ဘိန်းစား နီပိန်း ပဒက်တွေဟာ ကိုယ့်တိုင်းရင်းသား ပြည်သူအချင်းချင်းအပေါ်မှာ ကမ္ဘာ့နံပါတ် (၁) အကြမ်းဖက်အဖွဲ့ IS ထက်ပိုပြီး ရက်ဆက်ယုတ်မာရိုင်းစိုင်းတယ်ဆိုတာကိုတော့ မျက်မြင်ဒိဋ္ဌ တွေ့မြင်ခဲ့ကြရပြီမဟုတ်ပါလား။
(ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ၏ လိုအပ်ချက်များကို ဖြည့်တင်းပေးနိုင်ရန် အကျဉ်းမျှသာ တင်ပြခြင်း ဖြစ်ပါသည်။)
နောင်တော်လေး (ဘိုကလေး)
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment