ယူကရိန်းပါလီမန်က ထရမ့်ကို ပြတ်ပြတ်သားသားထောက်ခံလိုက်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းပါလီမန်က ထရမ့်ကို ပြတ်ပြတ်သားသားထောက်ခံလိုက်ပြီ


မတ် - ၄ ( အင်္ဂါနေ့ ) 

အမတ်နေရာ ၄၅၀ ရှိတဲ့ ယူကရိန်းပါလီမန် ( ဗါခေါ့ဗ်နာရာဒါ ) က ယူကရိန်း - ရုရှားငြိမ်းချမ်းရေးဆွေနွေးပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရေးကြီးတဲ့နေရာမှာ ပါဝင်မှရမယ်ဆိုတဲ့ ကြေညာတစ်စောင်ကို မနေ့ညနေက ထုတ်ပြန်လိုက်ပါတယ်။ 

ထရမ့်နဲ့ ဇီလန်စကီးတို့ ပြီးခဲ့တဲ့အပတ် တွေ့ ဆုံပွဲမှာ အခြေအတင်ဖြစ်ခဲ့ပြီးနောက် ဇီလန်စကီးက ထရမ့်ကို တောင်းပန်ဖို့ ငြင်းဆိုလိုက်တဲ့အတွက် ယူကရိန်းပါလီမန်က အခုလို ထုတ်ပြန်ချက်ကို ထုတ်ပြီး ဇီလန်စကီးကို ဆန့်ကျင်လိုက်တာပဲဖြစ်ပါတယ်။ 

ပါလီမန်ဝက်ဘ်ဆိုက်ရှိ ကြေညာချက်တွင် ပါလီမန်အမတ်များသည် အမေရိကန်အကူအညီ၏ “ပြတ်ပြတ်သားသား” အခန်းကဏ္ဍကို အလေးပေးပြောကြားခဲ့ပြီး ရာဒါသည် ငြိမ်းချမ်းရေးရရှိရန် ရည်ရွယ်သည့် စေ့စပ်ညှိနှိင်းရေးလုပ်ငန်းစဉ်ကို စတင်ရန် သမ္မတ ဒေါ်နယ်ထရမ့် ရဲ့  အစပြုမှုကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။ 

"ယူကရိန်းပြည်သူတွေကိုယ်စား ယူကရိန်းရဲ့ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုအတွက် ခိုင်မာပြီး တသမတ်တည်း ထောက်ခံအားပေးမှုအတွက် သမ္မတဒေါ်နယ်ထရမ့်၊ အမေရိကန် ကွန်ဂရက်နဲ့ အမေရိကန် ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ယူကရိန်းနိုင်ငံ ဗါခေါ့ဗ်နာရာဒါ က ဖော်ပြပါတယ်" လို့ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 

“လက်ရှိမှာ၊ ဒီထောက်ပံ့မှုက ယူကရိန်းပြည်သူတွေနဲ့ ယူကရိန်းလုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် အရင်ကထက် ပိုအရေးကြီးပါတယ်” လို ဥပဒေပြုလွှတ်တော်အမတ်များက ရေးသားခဲ့ပါတယ်။ ထရမ့်ရဲ့ ဖျန်ဖြေရေးကြိုးပမ်းမှုများသည် "ရန်လိုမှုများ အမြန်ရပ်တန့်ရေးနှင့် ယူကရိန်း၊ ဥရောပနှင့် ကမ္ဘာတစ်ခုလုံး အတွက် ငြိမ်းချမ်းရေးအောင်မြင်မှုရရှိရေးတွင် ပြတ်ပြတ်သားသား အဆုံးအဖြတ်ပေးလိမ့်မည်" လိုလည်း ဆိုပါတယ်။   

ရာဒါက "အထူးသဖြင့် အရေးကြီးသော ဓာတ်သတ္တုရှာဖွေရေးတွင် အမေရိကန်ပြည်ထောင်စုနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ဖော်ဆောင်ရန် လိုအပ်ကြောင်း အလေးပေးပြောကြား ခဲ့ပါတယ်" ယူကရိန်းအစိုးရနဲ့ နှင့်  အီးယူမှတာဝန်ရှိသူများသည် မော်စကိုနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာတွင်  ထရမ့် ပါဝင်မှုကို ဝေဖန်ခဲ့ပြီးနောက် ထရမ့်နဲ့ ဇီလန်စကီး အကြား တင်းမာမှုများမြင့်တက် ခဲ့ပါတယ်။ 


REF - RT  

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)