ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မိုးဖြူကျေးရွာနှင့် မိုးကွဲကျေးရွာတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ကြီးရွယ်အိုနှင့် ကလေးများအပါအဝင် ဒေသခံပြည်သူ ၅၀ ကျော်ကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း မဟုတ်မမှန် သတင်းအမှားများ ရေးသားဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မိုးဖြူကျေးရွာနှင့် မိုးကွဲကျေးရွာတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်ကြီးရွယ်အိုနှင့် ကလေးများအပါအဝင် ဒေသခံပြည်သူ ၅၀ ကျော်ကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း မဟုတ်မမှန် သတင်းအမှားများ ရေးသားဖြန့်ဝေ



နေပြည်တော်၊ မတ် ၂၅

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မိုးဖြူကျေးရွာနှင့် မိုးကွဲကျေးရွာတို့ကို   မတ်လ ၂၁ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ပြီး သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ၅၀ ကျော်ကို ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် လုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းပြောကြားချက်အရ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါနေ့ရက်တွင် လိုအပ်သည့် နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့သော်လည်း အေးချမ်းစွာနေထိုင်နေသည့် ဒေသခံပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခြင်းမရှိကြောင်း၊ PDF အမည်ခံ အကြမ်းဖက်သမားများကသာ ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် ဒေသခံပြည်သူများ၊ အစိုးရဝန်ထမ်းများနှင့် ရဟန်းသံဃာများအား ခေါင်းစဉ်အမျိုးမျိုးပြ၍ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဖြစ်စဉ်တွင် အကြမ်းဖက်အားပေး တရားမဝင်ပြည်ဖျက်မီဒီယာများမှ အကြမ်းဖက်သမားများ၏ ယုတ်မာရက်စက်သည့် လုပ်ရပ်များကို ဖုံးကွယ်ပေးရန်နှင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)