ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဖွင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဖွင့်ပွဲ ကျင်းပ



နေပြည်တော်၊ မတ် ၂၅

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ်(၂/၂၀၂၅) ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။

တက်ရောက်

သင်တန်းဖွင့်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင် ဒုတိယဝန်ကြီး ဦးထိန်လင်းက နိုင်ငံတော်အကြီးအကဲ၏ ညွှန်ကြားချက်နှင့်အညီ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများ ဥပဒေအသိပညာဆိုင်ရာ ဗဟုသုတများတိုးပွားပြီး ဥပဒေရေးရာ စည်းမျဉ်း/ စည်းကမ်းများကို ပိုမိုသိရှိနားလည်နိုင်စေရန်  ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ဥပဒေသည် နိုင်ငံတစ်နိုင်ငံအတွက် မဖြစ်မနေလိုအပ်ကြောင်း၊ မိမိတို့နိုင်ငံအတွင်း နေထိုင်သည့် နိုင်ငံသားများ၊ ပြည်သူများ မဖြစ်မနေသိရှိလိုက်နာစောင့်ထိန်းကြရမည့် သတ်မှတ်ပြဋ္ဌာန်းချက်တစ်ရပ်လည်းဖြစ်ကြောင်း။

ယခုသင်တန်းတွင် ဥပဒေရေးရာ စည်းမျဉ်း/စည်းကမ်းများကို အချိန်တိုအတွင်း သိရှိနားလည်စေရန် အတိုချုံး၍ ဆင့်ပွားသင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ဥပဒေအကြောင်းသိကောင်းစရာများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများအနေဖြင့် ဥပဒေပညာကို ဆက်လက်ဆည်းပူးလေ့လာသွားရန် တိုက်တွန်းပြောကြားသည်။

အဆိုပါသင်တန်းကို မတ် ၂၄ ရက်မှ ၂၉ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်း သူ ၅၀ တက်ရောက်ကြကြောင်း သိရသည်။


သတင်းစဉ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)