ညောင်ဦးမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်း ဝေဇယန္တာဗိမာန်တော်ကြီး၌ စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့ ရွှေစည်းခုံဘုရားဝင်းအတွင်း ဝေဇယန္တာဗိမာန်တော်ကြီး၌ စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ







ညောင်ဦး၊ မတ် ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့၌ ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား စူဠဘွဲ့နှင်းသဘင် ဆက်ကပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က ညောင်ဦးမြို့၊ ရွှေစည်းခုံစေတီတော်ဘုရားကြီးဝင်းအတွင်းရှိ ဝေဇယန္တာဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စူဠဘွဲ့နှင်းသဘင် အခမ်းအနားအား နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တက္ကုန္ဒဝံသ အရှင်သူမြတ်ထံမှ (၅)ပါးသီလခံယူဆောက်တည်ကြသည်။ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုက သာသနာရေးဆိုင်ရာများ လျှောက်တင်ပြီးနောက် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိသည့် ဆရာတော်ကြီးနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ကြကာ ညောင်ဦးမြို့နယ် စဉ့်ကူမဟာဝိသုတာရာမတိုက်သစ် ပဓာနနာယကဆရာတော် (အဂ္ဂမဟာပဏ္ဍိတ) ဘဒ္ဒန္တဥတ္တမ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေသည်။ ပြီးနောက် စာအောင်သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ပြီးမြောက်ခဲ့သည်။ ယခု ကျင်းပပြုလုပ်သည့် စူဠဘွဲ့နှင်း သဘင် အခမ်းအနားသည် ၂၀၂၄-ခုနှစ်အစိုး ဓမ္မာစရိယနှင့်ပါဠိ ပထမပြန်စာပေးပွဲ ညောင်ဦးစာဖြေဌာန၌ ဝင်ရောက်ဖြေဆိုပြီး အောင်မြင်တော်မူကြသော  ပထမလတ်တန်းစအောင်အရှင်သူမြတ် (၁၃)ပါး၊ ပထမငယ်တန်းစာအောင်အရှင်သူမြတ် (၃၃)ပါး၊ အခြေပြုမူလတန်းစာအောင် အရှင်သူမြတ်(၁၀၂)ပါး၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရရှိသည့် ဆရာတော်ကြီးနှင့် သီလရှင်ဆရာကြီး (၂)ပါး၊ အစိုးရဓမ္မာစရိယ စာမေးပွဲ၊ ကျမ်းပြီး၊ (၂)ကျမ်းစွဲ၊ (၁)ကျမ်းစွဲ (၉)ပါးတို့အား ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘုရား(၁၈)ဆူမှ ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ဘွဲ့တံဆိပ်တော်များနှင့်စာ အောင်ဆုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရပြီး ပင့်သံဃာ (၃၁)ပါးနှင့် စာအောင်သံဃာတော်များ၊ သီလရှင်ဆရာကြီး/ဆရာလေးတို့အား ဆွမ်းလောင်းလှူခဲ့ကြောင်း သိရသည်။


ဒီပါလင်း 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)