ဆီဆိုင်၊ မတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အဆင့် အလယ်တန်းနှင့် မူလတန်းဘာသာရပ်စုံ သင်ကြားသင်ယူမှု အရည်အသွေးမြင့်သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ယုဇနခန်းမ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်ပညာရေးမှူး ဦးလှဝင်းက အမှာစကားပြောကြားပြီး လက်ထောက်မြို့နယ် ပညာရေးမှူး ဦးချစ်ရဲက သင်တန်းသားများလိုက်နာရန် စည်းကမ်းချက်နှင့် သင်တန်းအစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် အခြေခံပညာ အလယ်တန်းအဆင့် သင်တန်းသား ၁၉၈ ဦးကို နည်းပြ ၁၂ ဦးဖြင့် လည်းကောင်း၊ အခြေခံပညာမူလတန်းအဆင့် သင်တန်းသား ၄၁၆ ဦးကို နည်းပြ ၄၀ ဦးဖြင့်လည်းကောင်း မတ်လ (၂၄)ရက်နေ့မှ (၂၇)ရက်နေ့အထိ လေးရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်
Join - https://t.me/MyanmarNationalPost



No comments:
Post a Comment