အောင်ကိုမိုး ရုံးချိန်းမလာ၊ ဖမ်းဝရမ်း ထုတ်ဆင့်ပေးရန် လျှောက်ထားခဲ့ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောင်ကိုမိုး ရုံးချိန်းမလာ၊ ဖမ်းဝရမ်း ထုတ်ဆင့်ပေးရန် လျှောက်ထားခဲ့ကြောင်း သိရ


နေပြည်တော်၊ မတ် ၂၅

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် အကယ်ဒမီပေးပွဲတွင် အောင်ကိုးမိုး ၏ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ဘာသာရေးစော်ကားမှုဖြင့် တရားစွဲဆိုထားရာ ယနေ့ ရုံးချိန်းသို့ အောင်ကိုမိုး လာရောက်ခြင်း မရှိကြောင်း သိရသည်။

ယနေ့ တရားရုံးချိန်းတွင် တရားလိုဘက်မှ ဝရမ်းထုတ်ဆင့်ပေးရန် လျှောက်ထားခဲ့ရကြောင်း၊ ၈-၄-၂၀၂၅ ရက်နေ့ကို ရုံးချိန်ပြန်လည်ချိန်းဆိုလိုက်ကြောင်း သိရသည်။

အောင်ကိုမိုးအား ၂၉၅-က ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ရာ ( ၂၉၅-က။ ပြည်ထောင်စုနိုင်ငံတွင်နေထိုင်သော လူတန်းစားတစ်ရပ်ရပ်၏ ဘာသာရေးစိတ်ကို နာကြည်းစေရန် တမင်မသမာသောအကြံဖြင့် မည်သူမဆို စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ ထိုလူတန်းစားတစ်ရပ်ရပ်ကိုးကွယ်သည့် ဘာသာကိုသော်လည်းကောင်း၊ ဘာသာရေးယုံကြည်မှုကို သော်လည်းကောင်း စော်ကားလျှင် သို့မဟုတ် စော်ကားရန် အားထုတ်လျှင် ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။) ပြဋ္ဌာန်းထားသည်။

လိုပြသက်သေအဖြစ် ပါဝင်သည့် ဆရာတော် ဦးပညာ က "ဦးဇင်းတို့က မှန်မှန်ကန်ကန်နဲ့ အမြန်ပြီးပြတ်စေချင်ပါတယ်။ တာဝန်ရှိသူတွေအပိုင်းကလည်း တာဝန်ရှိသည့်အလျှောက် မှန်ကန် မြန်ဆန်စွာ လုပ်ဆောင်သင့်တယ်လို့ မြင်တယ်။ တရားစွဲဆိုပြီး လိုပြသက်သေတွေကို လာစစ်တယ်။ အားလုံးတချိန်တည်း ထွက်ဆိုချက်ပေးနိုင်အောင် စီစဉ်ပေးခဲ့တယ်။ ကြန့်ကြာမှာ စိုးလို့။ ပထမရုံးချိန်းလည်း ဘာမှ မထူးခြားဘူး။ ဒီနေ့ကို ၂ပတ်ခွါပြီး ချိန်းထားတာဖြစ်တယ်။ ဒါက လုံလောက်တဲ့အချိန်တစ်ခုပါ။ တရားလိုရဲ့ ပြောပြချက်အရ ရဲစခန်းက ဒီပွဲမှာ ဝတ်ခဲ့တဲ့ ပစ္စည်းတွေကိုတော့ ရဲတပ်ဖွဲ့က သိမ်းဆည်းထားပါပြီလို့ ပြောတယ်။ လူစားလွှတ်ပြီး ပစ္စည်းတွေ ပို့ခိုင်းလိုက်တဲ့ သဘော။ တရားခံက ရှောင်ပြေးနေတဲ့ သဘောဖြစ်ပါတယ်။ ဒီပုဒ်မအရ တရားသူကြီးမှာလည်း ဝရမ်းထုတ်ခွင့် ရှိတယ်လို့ ဥပဒေသမားတွေ ပြောပြလို့ သိထားပါတယ်။ ဘုန်းကြီးတို့က ဥပဒေပညာရှင်တော့ မဟုတ်ပါဘူး။ တရားသူကြီးက ဝရမ်းမထုတ်ဘဲ ဒီကနေ့ တရားလိုက ဝရမ်းထုတ်ဆင့်ပေးနိုင်ဖို့ ထပ်တင်ပြရတယ်။ တင်ပြထားခဲ့တယ်။ နောက် ၂ပတ်ခွါပြီး ထပ်ချိန်းတယ်။ မှန်မှန်ကန်ကန် ဖြစ်ဖို့ပဲ မျှော်လင့်ပါတယ်။ အခုတော့ ဒီလောက်ပဲ ပြောချင်သေးတယ်။" ဟု မိန့်ကြားသည်။

ယနေ့ ရုံးချိန်းသို့ တရားလို ဦးအောင်ကျော်ဦး နှင့်အတူ ရှေ့နေ၊ လိုပြသက်သေများတွင် ပါဝင်သည့် သံဃာတော်များ လိုက်ပါသွားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)