ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေခက်ခဲမှုရှိနေသည့် ဘုန်းတော်ကြီးကျောင်းအား သောက်သုံးရေ သွားရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ရေခက်ခဲမှုရှိနေသည့် ဘုန်းတော်ကြီးကျောင်းအား သောက်သုံးရေ သွားရောက်လှူဒါန်း


ကျောက်ပန်းတောင်း၊ မတ် ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေ အခက်အခဲဖြစ်နေသည့် ဘုန်းတော်ကြီးကျောင်းသို့ ဖေဖော်ဝါရီ (၂၈) ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်က သောက်သုံးရေ ဂါလန် ၁၆၀၀ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် တပ်ဖွဲ့ဝင်များသည် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ်၊ နွေဦးရာသီကာလ သောက်သုံးရေ ခက်ခဲမှုရှိနေသည့် ဘူတာရပ်ကွက်ရှိ ရွှေတောင်ဦး ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းနေသံဃာများနှင့် သာမဏေများ သောက်သုံးရေ ခက်ခဲမှု မရှိစေရေး အတွက် ရေဂါလန် ၁၆၀၀ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


နေအောင်

#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)