အင်ရောင်းဆေးဝါးစက်ရုံနှင့် Green Power Energy စက်ရုံးများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်ရောင်းဆေးဝါးစက်ရုံနှင့် Green Power Energy စက်ရုံးများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး


ကျောက်ဆည်၊ မတ် ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် စက်ရုံ/ အလုပ်ရုံများအား ကွင်းဆင်းပြီး သန့်ရှင်းသပ်ရပ်၊ စိမ်းလန်းစိုပြည်၍ ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် စက်ရုံ/ အလုပ်ရုံများမှ သတ်မှတ်ထားသော စံချိန်စံညွှန်း၊ အညွှန်းကိန်းများနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယမန်နေ့နံနက်ပိုင်းက ခရိုင်အဆင့်ကွင်းဆင်းစစ်ဆေး‌ရေးနှင့် ဆုရွေးချယ်ရေးအဖွဲ့သည် အင်ရောင်းဆေးဝါးစက်ရုံနှင့် Green Power Energy စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းအဖွဲ့အား ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဉီးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးသီဟ  ဦးဆောင်ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စက်မှု ကြီးကြပ်ရေးနှင့်စစ်ဆေးရေးဉီးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်ပြီး အဆိုပြု လျှောက်ထားလာသော စက်ရုံလုပ်ငန်းများအား သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ်ရရှိမှုအခြေအနေကို အတည်ပြုပြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီရင်ခံစာပါ ကတိကဝတ်များအပေါ် လိုက်နာဆောင်ရွက်မှု၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအခြေအနေနှင့် စက်ရုံလုပ်ငန်းများ လည်ပတ်ခြင်းကြောင့် ဝန်းကျင်လေထု၊ ထုတ်လွှတ်အခိုးအငွေ့၊ ရေထုနှင့် မြေထုအရည်အသွေးများအား ပတ်ဝန်းကျင်အရည်အသွေးဆိုင်ရာ (ထုတ်လွှတ်မှု) လမ်းညွှန်ချက်များပါ တန်ဖိုးများအတွင်းရှိစေရေး၊ ထိန်းချုပ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စက်ရုံလုပ်ငန်းအတွင်း စိမ်းလန်းဧရိယာ (Green Area) ဖော်ဆောင်ထားမှုအခြေအနေများ စသည့် စံချိန်၊ စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော စံပြစက်ရုံ/ လုပ်ငန်းများ ပေါ်ပေါက်လာစေရန် စံချိန်၊ စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားသည့် စက်ရုံ/ အလုပ်ရုံများကို စိစစ်ရွေးချယ်ပြီး စံပြစက်ရုံဆုများ ရွေးချယ်လျက်ရှိကြောင်းနှင့် ဆုရရှိသော စံပြစက်ရုံများကို ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


သက်မောင်(ကျောက်ဆည်)

#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)