မင်းဘူးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဆက်လက်သင်ကြားပို့ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း ဆက်လက်သင်ကြားပို့ချ

 





မင်းဘူး၊ မတ် ၂၆

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်သင်တန်းကို မတ် ၂၄ ရက်နေ့မှ စတင်သင်ကြားပေးခဲ့ရာ ယနေ့တွင် သင်တန်းတတိယနေ့အဖြစ် ဆက်လက်သင်ကြားပို့ချလျက်ရှိသည်။

အဆိုပါသင်တန်းကို မင်းဘူး(စကု)မြို့နယ် ပညာရေးမှူး ဒေါ်သွယ်သွယ်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ဆရာ ၁၆ ဦး၊ ဆရာမ ၁၂၇ ဦး၊ ပေါင်း ၁၄၃ ဦးနှင့် မူလတန်းအဆင့် ဆရာ ၁၅၃ ဦး၊ ဆရာမ ၅၃၁ ဦး၊ ပေါင်း ၆၈၄ ဦးတို့အား မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံဘာသာရပ်များကို သင်တန်းနည်းပြဆရာ၊ ဆရာမများက ဆွေးနွေးပို့ချပေးလျက်ရှိသည်။ ယင်းသင်တန်းတွင် ဆရာအတတ်ပညာဆွေးနွေးခြင်း၊ မူလတန်းဆင့် အခန်းဆုံးစစ်ဆေးခြင်း၊ ဘာသာရပ်ဆွေးနွေးခြင်းနှင့် ဘာသာရပ်အလိုက် သင်ကြား/သင်ယူမှုများကို ရှုထောင့်မျိုးစုံမှအမြင်များဖြင့် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။

သင်တန်းကို မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ မတ်လ ၂၄ ရက်မှ ၂၈ ရက်ထိ နေ့စဥ်နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ဇေယျာနိုင်(ရွှေကန်မြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)