နိုင်ငံ့သမိုင်းကြောင်း၊ ဘာသာတရားနှင့် အမျိုးသားယဉ်ကျေးမှုကို ဘယ်အစိုးရက ပိုပြီးထိန်းသိမ်းစောင့်ရှောက်သလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံ့သမိုင်းကြောင်း၊ ဘာသာတရားနှင့် အမျိုးသားယဉ်ကျေးမှုကို ဘယ်အစိုးရက ပိုပြီးထိန်းသိမ်းစောင့်ရှောက်သလဲ





ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ဒေါ်စု အစိုးရအုပ်ချုပ်ခဲ့တဲ့ ၅ နှစ်တာကာလ အတွင်းမှာ အမျိုးဘာသာသာသနာနဲ့ ယဉ်ကျေးမှုတွေကို ဘက်ပေါင်းစုံကနေ ဖျက်ဆီးခဲ့တာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် အစဉ်အလာကြီးမားတဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းနဲ့ ပတ်သက် ရင် အမွေအနှစ်ကို ထိန်းသိမ်းရကောင်းမှန်းမသိသလို၊ သမိုင်းအစဉ်လာတွေကို လျစ်လျူရှုခဲ့တယ်။ လူငယ်ထုအတွင်း တပ်မတော်ကိုအမုန်းရန်ပွားစေရန် လှုံ့ဆော်တာတွေလုပ်ပြီး နိုင်ငံရေးမှာအသုံးချခဲ့ ပါတယ်။ 

ဒါတင်မကသေးဘူး။ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွေကို ၁၉၉၃ ခုနှစ်မှစတင်ပြီး ၂၀၁၆ ခုနှစ်အထိ (၂၂)ကြိမ်တိုင်ကျင်းပခဲ့ပေမယ့် ဒေါ်စုအစိုးရလက်ထက်မှာ ရပ်နားခဲ့ပါတယ်။ ကျောင်းတွေမှာ ဆိုရင်လည်း လူငယ်တွေ ဇာတိသွေး ဇာတိမာန်ထက်သန်စေတဲ့ ဇာတိမာန်သီချင်းကို မဆိုကြဖို့ ပြောဆိုခဲ့တယ်။ လူငယ်လူရွယ်တွေကို ကွန်မြူနစ်အတွေးအခေါ်တွေ ရိုက်သွင်းခဲ့သလို၊ သမဂ္ဂတွေအကန့်အသတ်မရှိဖွဲ့စည်းခွင့်ပြုခဲ့တယ်။ အဲဒီကျောင်းသားသမဂ္ဂတွေကို မြှောက်ပင့်ပေးခဲ့လို့ ကျောင်းသားသမဂ္ဂလူငယ်တွေဟာ ဆရာကို ဆရာမှန်းမသိ မထီမဲ့မြင်ပြုမူ ပြောဆိုခဲ့တာတွေ အွန်လိုင်းပေါ်မှာပျံ့နှံ့ခဲ့တယ်။ နောက်ဆုံး အဲဒီကျောင်းသားသမဂ္ဂတွေကို သူကိုယ်တိုင် အခမ်းအနားတစ်ခုမှာ ပြန်အော်ရတဲ့အထိ ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့ရတယ်။ ဒါဟာ မြန်မာ့ဓလေ့ရဲ့ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနားဆိုတဲ့ မွန်မြတ်လှတဲ့ အလေ့အကျင့်တွေအပေါ် Online Media တွေအသုံးချကာ လူငယ်တို့ရဲ့ယဉ်ကျေးသိမ်မွေ့မှု အခြေခံစိတ်ဓာတ်တွေကို ဖျက်ဆီး ခံခဲ့ရပါတယ်။

သတင်းစာတွေမှာ အမြဲတမ်းဖော်ပြနေတဲ့ ဗုဒ္ဓအဆုံးအမတွေကို ဖြုတ်ပစ်ခဲ့တယ်။ မဘသ အဖွဲ့လို ဘာသာ၊ သာသနာရေးနဲ့ ပရဟိတတွဲဖက်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို အကြောင်း အမျိုးမျိုးပြပြီး ဖျက်သိမ်းခဲ့ပါတယ်။ ဘာသာရေးနဲ့ ယဉ်ကျေးမှုကို စတင်သန္ဓေတည်စေတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေကို ဖျက်သိမ်းခဲ့တယ်။ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွေကို ကန့်သတ်ပိတ်ပင်မှုတွေပြုလုပ်ခဲ့သလို မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်ပွန်းပဲ့စေတဲ့ Sex Education သင်ခန်းစာတွေကို ထည့်သွင်းသင်ကြားစေခဲ့တာတွေ့ရပါတယ်။ 

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ လက်ထက်မှာတော့ သမိုင်းအစဉ်အလာ ကြီးမားတဲ့ နိုင်ငံရဲ့ဂုဏ်ကိုမြင့်တင်ခဲ့တယ်။ ရှေးမြန်မာမင်းတို့ရဲ့ နန်းတည်ရာမြို့ဟောင်းတွေ၊ မြို့ရိုး တွေ၊ ရှေးဟောင်အမွေအနှစ်တွေကို ပြုပြင်ထိန်းသိမ်းခဲ့တယ်။ မြင်သာအောင်ပြောရရင် တောင်ငူ ကေတုမတီမြို့ဟောင်း၊ ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော်၊ မန္တလေးနန်းမြို့ရိုး အနောက်ဘက် စည်ရှည်တံခါးအနီးရှိ စည်ရှည်တံတား တို့ကိုလည်း ရှေးမူမပျက်အသစ်ပြန်လည် တည်ဆောက်ပေးခဲ့ ပါတယ်။ 

ဒါ့အပြင် တန်ခိုးကြီးဘုရားတွေကိုလည်း ပြုပြင်မွမ်းမံမှုတွေ ပြုလုပ်ပေးခဲ့သလို အင်းဝမြို့ ဟောင်းက လောကသရဖူဘုရားကြီး၊ မောင်အိုတံတားနဲ့ အုတ်လမ်းတို့ကိုလည်း ရှေးမူလလက်ရာ အတိုင်းပြန်လည်ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ပေးခဲ့ပါတယ်။ မန္တလေးမြို့ရဲ့ အထင်ကရဖြစ်တဲ့ သမိုင်းဝင် ဦးပိန်တံတား ကျိုးကျပျက်စီးခဲ့ရာမှာလည်း မူလရှေးမူမပျက်စေရန် ပြုပြင် မွမ်းမံပေးခဲ့ပါတယ်။ နှစ် ၁၀၀ အထက်သက်တမ်းရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဗလီတွေ၊ ဟိန္ဒူ ဘုရားကျောင်းတွေကိုလည်း ပြုပြင်ထိန်းသိမ်းနိုင်ဖို့ လိုအပ်တဲ့ဘတ်ဂျက်တွေကို ချပေးနေတာ ကလည်း လက်ရှိနစကအစိုးရ လက်ထက်မှာပဲ ရှိပါတယ်။ ဒါ့အပြင် ဒေါ်စုလက်ထက်မှာ ရပ်နားထားတဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြန်လည်ကျင်းပပေးခဲ့တယ်။ 

အချုပ်အားဖြင့် ပြောရရင် ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံရဲ့ ဘာသာ သာသနာနဲ့ ယဉ်ကျေးမှုတွေကို နည်းလမ်းပေါင်းစုံသုံးပြီး ဖျက်ဆီးခဲ့ကြတဲ့ ဒေါ်စုအစိုးရ လက်ထက်နဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း အမျိုးဘာသာ သာသနာနဲ့ နိုင်ငံရဲ့ယဉ်ကျေးမှုတွေ၊ ရှေးဟောင်း အမွေအနှစ် တွေကို ထိန်းသိမ်းစောင့်ရှောက်ပြီး ဗုဒ္ဓဘာသာ မြန်မာနိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ဝံ့ကြွားနိုင်အောင် ဆောင်ရွက်ခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ လက်ထက်မှာတော့ဘယ်လိုမှ နှိုင်းယှဉ် လို့မရအောင် ကွာခြားလွန်းနေတာပဲ ဖြစ်ပါတယ်။


သုတ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)