ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဆိုင်ရာ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဆိုင်ရာ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး



ကျိုင်းတုံ , မတ် ၂၀


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးဆိုင်ရာ MSME လုပ်ငန်းရှင်များနှင့် ဌာနဆိုင်များတွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ကျိုင်းတုံ)တွင် ကျင်းပခဲ့သည်။


တွေ့ဆုံဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူ၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှူး ဒေါ်သန်းသန်းထွေးတို့က ဒေသအတွင်းမှ ပို့ကုန်များတိုးမြှင့်ပြီး သွင်းကုန်များလျှော့ချနိုင်ရေးအတွက် MSME လုပ်ငန်းရှင်များက အဓိကကျကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး၊ သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စားရေးရိက္ခာဖူလုံရေးလုပ်ငန်းများကို ဒေသခံစိုက်ပျိုးရေးတောင်သူများနှင့်အတူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးကို အခြေခံပြီး ထွက်ပေါ်လာသောလုပ်ငန်းများကို ဈေးကွက်ရရှိရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့မှ MSME လုပ်ငန်းရှင်များ လိုအပ်သည့်ရင်းနှီးမြှုပ်နှံမှုအတွက် သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ စနစ်တကျထုတ်ချေးပေးလျက်ရှိပါကြောင်းနှင့် လုပ်ငန်းများမှ လျှောက်ထားရယူနိုင်ပါကြောင်း စသည့် စိုက်ပျိုးရေးဆိုင်ရာ MSME လုပ်ငန်းများ တိုးတက်အောင်မြင်ရေး ဆွေးနွေးပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသည့် စိုက်ပျိုးရေးဆိုင်ရာ MSME လုပ်ငန်းရှင်များက ဒေသအတွင်း စပါး၊ လက်ဖက်၊ ကော်ဖီ၊ ရော်ဘာ၊ ဆန်စက် စသည့် လုပ်ငန်းများနှင့်ပတ်သက်၍ သိလိုသည်များမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အောင်ဇင်မြင့်


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)