ယူကရိန်းကို ဥရောပစစ်တပ်တွေပို့ဖို့ကိစ္စ ဟန်ဂေရီဝန်ကြီးချုပ် ငြင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းကို ဥရောပစစ်တပ်တွေပို့ဖို့ကိစ္စ ဟန်ဂေရီဝန်ကြီးချုပ် ငြင်းဆို


မတ် - ၂၁ ( သောကြာနေ့)

မနေ့က ဘရပ်ဆဲလ်မှာပြုလုပ်တဲ့ ဥရောပကော်မရှင် ( အီးစီ) အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံအချို့က အားလုံးသဘောတူညီချက်မပါဘဲ ယူကရိန်းကို ဥရောပစစ်တပ်တွေ ပို့လွှတ်ဖို့အတွက် ကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီး ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က အဆုံးသတ်စာတမ်းလက်မှတ်ရေးထိုးဖို့အတွက် ငြင်းဆန်လိုက်ပါတယ်။ 

အီးစီရဲ့  စည်းမျဉ်းများအရ ကြေညာချက်စာရွက်စာတမ်းများသည် အီးယူ အဖွဲ့ဝင် ၂၇ နိုင်ငံလုံး၏ တညီတညွတ်တည်း ထောက်ခံမှု လိုအပ်ကြောင်း ဖော်ပြထားပါတယ်။  ကြာသပတေးနေ့၏ ပူးတွဲကြေညာချက်မှာ ယူကရိန်းအား နောက်ထပ်စစ်ဘက်ဆိုင်ရာအကူအညီများကို အော်ဘန်ရဲ့ ဗီတိုအာဏာကို ကျော်လွှားကာ နောက်ဆက်တွဲအဖြစ် ထည့်သွင်းခဲ့တာပဲဖြစ်ပါတယ်။ 

အော်ဘန်က ယူကရိန်းပဋိပက္ခတွင် အီးယူရဲ့  “စစ်လိုလားသော” ရပ်တည်ချက်ကို ဆန့်ကျင်ကြောင်း ရှင်းပြပါတယ်။ “ဟန်ဂေရီ အပါအဝင် စစ်လိုလားတဲ့ ဘုံဥရောပ ရပ်တည်ချက်ကို ဖွဲ့စည်းခွင့် မပြုပါဘူး” လို့ အစည်းအဝေးအပြီးတွင် ဟန်ဂေရီ ခေါင်းဆောင်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ယခုလအစောပိုင်းတွင် အော်ဘန်က ကိယက်ဗ်အတွက် အဆိုပြုထားသော အီးယူ စစ်ရေးအကူအညီအတွက် ယူရို ၃၀ ဘီလီယံ ကို ဗီတိုအာဏာဖြင့် ပယ်ချခဲ့ပါတယ်။ အကြောင်းကတော့ ယူကရိန်းကို စစ်ရေးအကူအညီ တွေ ထပ်ပေးနေရင် စစ်ပွဲတွေ ရပ်တန့်မှာ မဟုတ်တဲ့အတွက်ကြောင့်ပါပဲ။  မီဒီယာများနှင့် တွေ့ဆုံမေးမြန်းခန်း တွင် ဟန်ဂေရီခေါင်းဆောင်က အီးယူအနေနဲ့ အကူအညီတွေ ဆက်ပေးနေရင် ယူကရိန်းက ငွေစာရင်းရှင်းဖို့တတ်နိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ 

လက်ရှိအခြေအနေအရ ယူကရိန်းနိုင်ငံက စစ်ကြောင့် အကြွေးနွံနစ်နေပါတယ်။ ယူကရိန်းအစိုးရကို အကြွေးတွေဆက်ပေးမဲ့အစား အရပ်သားပြည်သူတွေကို ထောက်ပံ့ပေးတာက ပိုကောင်းမယ်လို့ အော်ဘန်က ရှင်းပြပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)