ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နီပေါဝန်ကြီးချုပ်ဟောင်းနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်းတို့အား သီးခြားစီလက်ခံတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နီပေါဝန်ကြီးချုပ်ဟောင်းနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်းတို့အား သီးခြားစီလက်ခံတွေ့ဆုံ



နေပြည်တော်၊ မတ် ၂၁

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲတက်ရောက်ရန် ရောက်ရှိနေသည့် နီပေါဝန်ကြီးချုပ်ဟောင်း Mr. Madhav Kumar Nepal နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း Mr. Sihasak PHUANG-KETKEOW တို့အား ယမန်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ ထိရောက်သည့် အကြံပြုချက်များပေးနိုင်ရေး၊ နှစ်နိုင်ငံချစ်ကြည်ရေးတို့နှင့် စပ်လျဉ်း၍ ရင်းရင်းနှီးနှီးဆွေးနွေးကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Fudan တက္ကသိုလ်မှ ပါမောက္ခ Mr.Zhang Wei နှင့် အဖွဲ့အား နေပြည်တော်ရှိ Horizon Lakeview resort ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံပွဲများသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)