ဘင်္ဂလားဒေ့ရှ်က ဟာဆီနာကိုလွှဲပြောင်းပေးဖို့ အိန္ဒိယကို တောင်းဆိုတာ မသိချင်ယောင်ဆောင်နေလို့ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘင်္ဂလားဒေ့ရှ်က ဟာဆီနာကိုလွှဲပြောင်းပေးဖို့ အိန္ဒိယကို တောင်းဆိုတာ မသိချင်ယောင်ဆောင်နေလို့ဆို


မတ် - ၅ ( ဗုဒ္ဓဟူးနေ့ ) 

ဘင်္ဂလာဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေးအဓိကခေါင်းဆောင် မိုဟမ်းမက်ယူနုစ် က တိုင်းပြည်ကိုယ်စား ထွက်ပြေးသွားတဲ့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာကို ဘင်္ဂလားကို အကျဉ်းသားလွဲပြောင်းမှုအစီအစဉ်နဲ့ တရားဝင်အပေါ်စာ ပေးပြီးကြောင်း နဲ့ အခုထက်ထိ အိန္ဒိယဘက်က ဘာမျှ အကြောင်း မပြန်ဘဲ ရှိနေကြောင်း ဆိုသွားပါတယ်။ ဟာဆီနာ ဆိုတာ ဘင်္ဂလာဒေ့ရှ်ကို ၁၆ နှစ်ကြာအောင် ဝန်ကြီးချုပ်အဖြစ် အုပ်ချုပ်ခဲ့ပြီး မနှစ်က ဘင်္ဂလာဒေ့ရှ် ကျောင်းသားသပိတ်ကြောင့် အစိုးရအဖွဲ့ ပြိုကွဲသွားပြီး ဩဂုတ်လ ၅ ရက်နေ့က အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားကာ ခိုလှုံနေတဲ့ သူဖြစ်ပါတယ်။ 

ယူကေ အခြေစိုက် Sky News နှင့် အင်တာဗျူးတွင် ယူနုစ် က ဟာဆီနာ သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် တရားရင်ဆိုင်ရမယ်လို့ အစိုးရပိုင် BSS သတင်းဌာနက ဖော်ပြခဲ့ပြီးဖြစ်ကြောင်း၊  ဘင်္ဂလားဒေ့ရှ် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံးသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ရာဇ၀တ်မှုများအတွက် ဟာဆီနာ ( ၇၇ နှစ် ) နှင့် ၀န်ကြီးဟောင်းများ၊ အကြံပေးများနှင့် စစ်ဘက်နှင့် အရပ်ဘက်အရာရှိများကို ဖမ်းဝရမ်းထုတ်ထားကြောင်း ပြောသွားပါတယ်။ 

"စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်တော့မှာဖြစ်ပါတယ်။ သူမကိုသာမက သူမနှင့် ဆက်စပ်နေသူများ ဖြစ်တဲ့ မိသားစုဝင်များ၊ သူမ၏ အပေါင်းအသင်းများပါမကျန် အားလုံးကိုစစ်ဆေးမှာပါ" လို့ ယူနုစ်က ပြောသွားပါတယ်။ 


REF: Hindustan times

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)