မတ် - ၅ ( ဗုဒ္ဓဟူးနေ့ )
ဒီကနေ့ အမေရိကန်ကွန်ဂရက်မှာ မိန့်ခွန်းပြောသွားတဲ့ အမေရိကန်သမ္မတရဲ့ စကားထဲမှာ ပါကစ္စတန်နိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောကြားသွားပါတယ်။ "၂၀၂၁ ခုနှစ် အာဖဂန်ကနေ အမေရိကန်တပ်တွေ ဆုတ်ခွာစဉ်က ကဘူး လေဆိပ်ကို အသေခံကားဗုံခွဲတိုက်ခိုက်မှု နဲ့ ကြုံလိုက်ရတုန်းက အမေရိကန်စစ်သား ၁၃ ယောက်နဲ့ အခြား အရပ်သားတွေအများအပြားသေဆုံးခဲ့ပါတယ်။ အဲ့ဒိအကြမ်းဖက်လှုတ်ရှားမှုကို ကြိုးကိုင်တဲ့ အကြမ်းဖက်သမားတွေကို ဖမ်းဆီးရေးမှာ ပါကစ္စတန်ဘက်က တက်တက်ကြွကြွ အကူအညီပေးခဲ့တာနဲ့ ပတ်သက်ပြီး ကျေးဇူးတင်လိုကြောင်း ပြောကြားပါတယ်" လို့ ဆိုသွားပါတယ်။
“ဒီညတော့ ၊ ကျနော်ကြေညာခွင့်ရလို့ ဝမ်းမြောက်ပါတယ်။ အမေရိကန်တရားရေးရဲ့ ချွန်ထက်မြန်ဆန်တဲ့ ဓားတွေက အကြမ်းဖက်သမားတွေကို ဦးတည်ထားပြီး စိုက်စိုက်မြိုက်မြိုက် ထိုးမယ်ဆိုတာကို အကြမ်းဖက်သမားတွေ နားလည်ထားရှိအောင် ကျနော်ပြောချင်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ခွဲလောက်က ကျနော်တို့ စစ်သားတွေ အဘေးဂိတ်ကားဗုံးခွဲမှုမှာ ပါသွားပါတယ်။ ကျနော်တို့ တရားမျှတမှုအတွက်ပြန် တောင်ဆိုတဲ့ နေရာမှာ ပါကစ္စတန်အစိုးရက အကူအညီအများကြီး ပေးခဲ့တာကို ကျေးဇူးတင်ပါတယ်“ လို့ ဆိုသွားပါတယ်။
REF - times news
https://t.me/MyanmarNationalPost

No comments:
Post a Comment