မြိတ်မြို့တွင် အခြေခံပညာ ဆရာ/မများ ပညာရေးနှင့် သင်ကြားနည်းပညာ ဒီပလိုမာသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်မြို့တွင် အခြေခံပညာ ဆရာ/မများ ပညာရေးနှင့် သင်ကြားနည်းပညာ ဒီပလိုမာသင်တန်းဖွင့်လှစ်






မြိတ်၊ မတ် ၂၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် မြိတ်ခရိုင်အတွင်းရှိ အခြေခံပညာ ဆရာ/မများ စွမ်းဆောင်ရည်နှင့် သင်ကြားနည်းဆိုင်ရာ အတွေးအခေါ်များ၊ ပြဿနာဖြေရှင်းနည်းများ၊ ပူးပေါင်းဆောင်ရွက်နည်းများကို တိုးတက်စေရန်အတွက် အခြေခံပညာမူလတန်းပြ၊ ဒုတိယမူလတန်းပြ၊ လက်ထောက်မူလတန်းပြ ဆရာ/မများ ပညာရေးနှင့် သင်ကြားနည်းပညာဒီပလိုမာသင်တန်းကို အ.ထ.က (၁) မြိတ် ပညာ့ဗိမာန်ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးသက်နိုင်က သင်တန်းသားများအနေဖြင့် သင်တန်းကာလအတွင်း လေ့လာသင်ယူရမည့် ဘာသာရပ်များကို အပတ်တကုတ်ကြိုးစားလေ့လာသင်ယူပြီး နိုင်ငံတော်၏တာဝန်ကို ပုခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် မိမိတို့၏တပည့်များကို အရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များအဖြစ် မွေးထုတ်ပေးကြရန် အမှာစကားပြောကြားပြီး သင်တန်းအထွေထွေအသုံးစရိတ်ပံ့ပိုးငွေများကို လူမှုရေးရာဝန်ကြီးက ပေးအပ်ရာ တာဝန်ခံခရိုင်ပညာရေးမှူးက လက်ခံရယူသည်။

ယင်းနောက် မြိတ်ခရိုင်ပညာရေးမှူးရုံးမှ တာဝန်ခံ ခရိုင်ပညာရေးမှူး ဒေါ်သီတာစိုးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး သင်တန်းစတင်ခဲ့သည်။ အဆိုပါသင်တန်းတွင် နိုင်ငံတကာပညာရေးစနစ်နှင့်အညီ သတ်မှတ်ထားတဲ့ ဘာသာရပ် (၁၆) ခုကို သင်တန်းကာလ (၄၉) ရက်ကြာ သင်ကြား‌လေ့ကျင့်ပေးသွားမည်ဖြစ်ကာ လက်တွေ့ချိန်အဖြစ် (၄၃) ရက် တန်းပြဆင်းလေ့ကျင့်သင်ကြားရမည်ဖြစ်သည်။

သင်တန်းကို အခြေခံပညာမူလတန်းပြ၊ ဒုတိယမူလတန်းပြ၊ လက်ထောက်မူလတန်းပြ ဆရာ/မ သင်တန်းသား မြိတ်မြို့နယ်မှ (၂၂၅) ဦး၊ ကျွန်းစုမြို့နယ်မှ (၁၅၃) ဦး၊ ပုလောမြို့နယ်မှ (၁၂၂) ဦး၊ တနင်္သာရီမြို့နယ်မှ (၁၃၁) ဦးနှင့် ဘုတ်ပြင်းမြို့နယ်မှ (၃၉) ဦး စုစုပေါင်း (၆၇၀) ဦး တက်ရောက်ခဲ့ကြောင်း သင်တန်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။


ခိုင်ထူး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)