ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်၊ စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွမ်းခြံကုန်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်၊ စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲ ကျင်းပ



ကွမ်းခြံကုန်း , မတ် ၂၀


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းရရှိခဲ့သော စာအုပ်စာစောင်များအား မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ဦးစွာ မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစံရွှေ (တင်မောင်ထက်၊ကွမ်းခြံကုန်း)မှ အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နန့်‌‌ဆွေနွယ်ဦးက စာအုပ်၊ စာစောင်များ လှူဒါန်ပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသော စာအုပ်များကို မိမိတို့ သက်ဆိုင်ရာ စာကြည့်တိုက်များ‌တွင် စနစ်တကျ ရေးသွင်းထားကြရန်လိုကြောင်း၊ ကျေးရွာစာကြည့်တိုက်များ ရှင်သန်အောင်မြင်ရေးအတွက် စာကြည့်တိုက်ကော်မတီများ၊ စာကြည့်တိုက်မှူးများက  ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း စသည်တို့ကို‌ ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစံရွှေနှင့် မြို့နယ်ဦးစီးမှူး ဒေါ်နန့်‌ဆွေနွယ်ဦးတို့က တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသောစာအုပ်များကို သက်ဆိုင်ရာ ရပ်ကွက်စာကြည့်တိုက်မှူးများအား စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့‌ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများ၊ မြို့နယ်စာကြည့်တိုက်များကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာကြည့်တိုက်မှ စာကြည့်တိုက်မှူးများ  တက်ရောက်ခဲ့ကြောင်း သိသည်။


ဆွေနွယ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)