တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် မြန်မာ့ရိုးရာသနပ်ခါးပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် မြန်မာ့ရိုးရာသနပ်ခါးပွဲတော် ကျင်းပ





တောင်တွင်းကြီး၊ မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု ‌အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ကြိုးစားဆောင်ရွက်နေသည့် မြန်မာ့ရိုးရာသနပ်ခါးနှင့်ပတ်သက်၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် မြန်မာ့ရိုးရာသနပ်ခါးပွဲတော်ကို မတ်လ (၁၈) ရက် နေ့လယ် (၂) နာရီက ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က မြန်မာ့ရိုးရာသနပ်ခါးပွဲတော် ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘ့ာအမွေအနှစ်ဒေသများဌာနခွဲ၊ ဗိဿနိုးဌာနစုမှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးဦးခင်ဇော်က လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု ‌အမွေအနှစ်ဖြစ်သည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အကြောင်း၊ မြန်မာ့သနပ်ခါးကိုရရှိအသုံးပြုသည့် နည်းလမ်းများအကြောင်း၊ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ဆောင်ရွက်နေသည့်အခြေအနေများ၊ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို UNESO အသိအမှတ်ပြုစာရင်း တင်သွင်းခြင်းအားဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ ရေရှည်တည်တံ့စေရန် ထိန်းသိမ်းစောင့်ရှောက်ရမည့်အကြောင်းအရာများနှင့်ပတ်သက်၍ အကျယ်တဝံ့ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသူများက ခင်းကျင်းထားသည့် သနပ်ခါးကျောက်ပျဉ်၊ သနပ်ခါးတုံးတို့ဖြင့် သနပ်ခါးသွေးကာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လိမ်းခြယ်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)