ခေါင်းဆောင်မှုမြှင့်တင်ရေးနှင့် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ခေါင်းဆောင်မှုမြှင့်တင်ရေးနှင့် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဖွင့်လှစ်


ရန်ကုန်၊ မတ် ၁၉

ခေါင်းဆောင်မှုမြှင့်တင်ရေးနှင့် အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးသင်တန်း (Leadership Enhancement and Organization Development Training) ဖွင့်ပွဲကို ၁၇-၃-၂၀၂၅ ရက်နေ့က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး Conference Room ၌ ကျင်းပသည်။

ဖွင့်ပွဲတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လုပ်ငန်းအောင်မြင်စေရန် ခေါင်းဆောင်မှုကဏ္ဍသည် အရေးကြီးကြောင်း၊ အဖွဲ့အစည်း၏လုပ်ငန်းများ အောင်မြင်စေရန် ဦးဆောင်တာဝန်ယူရသူတစ်ဦးတည်းဖြင့် ဆောင်ရွက်၍မရကြောင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းများသည် အရေးကြီးကြောင်း၊ ခေါင်းဆောင်မှုနှင့် လေ့လာမှုတို့သည် အမြဲဒွန်တွဲလျက်ရှိကြောင်း၊ ခေါင်းဆောင်ရာတွင် အသိဉာဏ်ပညာနှင့် မိမိကိုယ်တိုင် စည်းကမ်းလိုက်နာ ထိန်းသိမ်းရသကဲ့သို့ သူတစ်ပါးအပေါ်တွင်လည်း စာနာထောက်ထားတတ်ရန်လိုအပ်ကြောင်း၊ သင်တန်းမှ သင်ကြားမှုများသည် ဝန်ထမ်းများ၏ ခေါင်းဆောင်မှုအရည်အသွေးများ မြှင့်တင်ရုံသာမက ပူးပေါင်းဆောင်ရွက်မှုစွမ်းရည်များကိုပါ တိုးတက်စေမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က မဟာဗျူဟာမြောက်ခေါင်းဆောင်မှုနှင့် ပဋိပက္ခစီမံခန့်ခွဲမှုအကြောင်းကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်က ခေါင်းဆောင်မှု လက်တွေ့အခန်းကဏ္ဍကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းလှိုင်ဦးက အဖွဲ့တည်ဆောက်ခြင်းအကြောင်းကိုလည်းကောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)