KBZPay တွင် ပြည်ပဖုန်းနံပါတ်များ အသုံးပြု နေမှုကို ခွင့်ပြုတော့မည့် မဟုတ်ကြောင်း အသိပေးအကြောင်းကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

KBZPay တွင် ပြည်ပဖုန်းနံပါတ်များ အသုံးပြု နေမှုကို ခွင့်ပြုတော့မည့် မဟုတ်ကြောင်း အသိပေးအကြောင်းကြား


ရန်ကုန်၊ မတ် ၁၉

KBZPay တွင် ပြည်ပဖုန်းနံပါတ်များ အသုံးပြု နေမှုကို ခွင့်ပြုတော့မည့် မဟုတ်ကြောင်း KBZ ဘဏ်မှ ပေးပို့ထားသော အကြောင်းကြားစားများအရ သိရသည်။

KBZ ဘဏ်၏ အကြောင်းကြားစာတွင် "လူကြီးမင်း၏ KBZPay အကောင့်ကို (+66) ဖုန်းနံပါတ်ဖြင့် အသုံးပြုနေပါ က လက်ရှိ မူဝါဒ ပြောင်းလဲမှုများအရ KBZPay ဝန်ဆောင်မှုများအား ပြည်တွင်း မြန်မာဖုန်းနံပါတ်ဖြင့်သာ အသုံးပြုနိုင်မည် ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။ သို့ဖြစ်ပါ၍ 19 March 2025 ရက်နေ့မှ စတင်ကာ ငွေလွှဲဝန်ဆောင်မှုများအား ယာယီ ဆိုင်းငံ့ထားမည် ဖြစ်ပါ သောကြောင့် လူကြီးမင်း၏ KBZPay အကောင့်အား အဆင်ပြေစွာ ဆက်လက်အသုံးပြုနိုင်ရန်အတွက် မြန်မာဖုန်းနံပါတ်ဖြင့် ပြောင်းလဲ အသုံးပြုရန်လိုအပ်ပါသည်။" ဟု ပေးပို့ထားခြင်း ဖြစ်သည်။ 

ဖုန်းနံပါတ် ပြောင်းလဲရန် KBZPay Application ထဲရှိ “ဖုန်းနံပါတ်ပြောင်းရန်" Function တွင် လုပ်ဆောင်ရမည့် အဆင့်တစ်ခုချင်းစီအား လိုက်နာ၍ လွယ်ကူစွာပြောင်းလဲနိုင်ပါကြောင်း၊ ဖုန်းနံပါတ် ပြောင်းလဲနိုင်ရန် လူကြီးမင်း၏ KBZPay App အား မကြာမီရက်အတွင်း ထွက်ရှိလာမည့် ဗားရှင်း 5.8.1 သို့ အဆင့်မြှင့်တင် ထားရန်လည်း လိုအပ်ကြောင်း၊ ဗားရှင်း 5.8.1 မထွက်ရှိသေးခင်ကာလ အတွင်း ဖုန်းနံပါတ်အား အမြန် ပြောင်းလဲ တပ်ဆင်လို ပါကလည်း Virtual Customer Support Booking : ရယူနိုင်ကြောင်း၊ အခက်အခဲတစ်စုံတစ်ရာရှိပါက query@kbzpay.com သို့ email ပေးပို့၍ ဖြစ်စေ၊ 3211 သို့ ဖုန်းဆက်သွယ်၍ ဖြစ်စေ ဆက်သွယ် မေးမြန်းနိုင်ကြောင်း အသိပေးထားသည်။

အဆိုပါ အသိပေးစာအရ KBZPay အကောင့်များကို ပြည်တွင်းဖုန်းနံပါတ်များဖြင့်သာ အသုံးပြုရမည်ဖြစ်ကြောင်း၊ ပြည်တွင်းဖုန်းနံပါတ်သို့ အပ်ဒိတ်မလုပ်ပါက 21st March 2025 တွင် ငွေလွှဲဝန်ဆောင်မှုကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)