ပုလောမြို့နယ် ကြက်ခြေနီအသင်းမှ ယာယီနေရပ်စွန့်ခွာမိသားစု (၂၉၀) စုအား အိမ်အသုံးအဆောင်ပစ္စည်းများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုလောမြို့နယ် ကြက်ခြေနီအသင်းမှ ယာယီနေရပ်စွန့်ခွာမိသားစု (၂၉၀) စုအား အိမ်အသုံးအဆောင်ပစ္စည်းများ ပေးအပ်


ပုလော၊ မတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ကြက်ခြေနီအသင်းမှ ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများမှ ယာယီနေရပ်စွန့်ခွာ မိသားစု (၂၉၀) စုအား မတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီ က အိမ်အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် ပုလောမြို့နယ် ကြက်ခြေနီအသင်းမှ ဒုတပ်ခွဲမှုး ဦးဝင်းသိန်း ဦးစီး၍ တပ်ဖွဲ့ဝင် (၂၀) ဦးက မြန်မာ့နိုင်ငံ ကြက်ခြေနီ အသင်းမှ အိမ်ထောင်စု (၁) စုလျှင် အိမ်အသုံး အဆောင်ပစ္စည်းများ ဖြစ်သည့် ဒန်အိုး/ ဒန်ခွက်၊ စောင်၊ ခြင်ထောင်၊ ဖျာ၊ ရေပုံး၊ တာလပါ၊ တစ်ကိုယ်ရေအသုံးအဆောင်ပစ္စည်း၊ လက်ဆေးဆပ်ပြာရည်၊ ဆိုလာဓာတ်မီးများ ဖြစ်ကြောင်းနှင့် မြို့ပေါ်ရပ်ကွက်အတွင်း ယာယီနေရပ်စွန့်ခွာ၍ လာရောက်နေထိုင်သည့် အိမ်ထောင်စု (၂၉၀) စုအတွက် ပေးအပ်ခဲ့ကြောင်း သိရသည်။


အေးအေးမော်(ပုလော)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)