တပ်ကုန်းမြို့၊ ကင်းသာကျေးရွာတွင် လက်နက် ခဲယမ်း အမြောက်အများ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

တပ်ကုန်းမြို့၊ ကင်းသာကျေးရွာတွင် လက်နက် ခဲယမ်း အမြောက်အများ ဖမ်းဆီးရမိ




နေပြည်တော်၊ မတ် ၁၇

တပ်ကုန်းမြို့နယ်၊ ကင်းသာကျေးရွာအုပ်စု၊ ကင်းသာကျေးရွာရှိ ကင်းသာ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယနေ့ နံနက်ပိုင်းက လုံခြုံရေးဆိုင်ရာ ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ဘက်မှ တပ်ကုန်းမြို့နယ်ဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ်၊ 8F- 9486 light Truck ဖြူ/ ပြာရောင်ယာဉ်အား စစ်ဆေးရာ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့သည်။

ယာဉ်မောင်း ဦးကျော်ဇင်ဦး၊ ဖိုကုန်းကျေးရွာ၊ ပင်လောင်းမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း နေသူနှင့်

ယာဉ်နောက်လိုက် ဦးသိန်းမြင့်ဝင်း တို့သည် နနွင်းတက်အိတ်များ အတွင်း လက်နက် ခဲယမ်းများ ထည့်သွင်း သယ်ဆောင်လာခြင်း ဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် MA 1 MKII ၅ လက်၊ MA- 2 MKII ၂ လက်၊ MA 3 MKII ၁ လက်၊ MA 11 ၁ လက်၊ BA 63 ၂ လက်၊ Foregin Gun ၃ လက်၊ MG - 42 ၁ လက်၊ Pistol (Revolves) .32 ၁ လက် စုစုပေါင်းလက်နက်ငယ်မျိုးစုံ ၁၆ လက် သိမ်းဆည်းရမိခဲ့သည်။

ကျည်အမျိုးအစားများမှာ ၅.၅၆ ကျည် ၆၀၂ တောင့်၊ ၇.၆၂ ကျည် ၁၀၁၅ တောင့်၊ ၃၂ ကျည် (တို) ၄၇ တောင့်၊ ၃၂ ကျည်(ရှည်) ၅ တောင့်၊ ၁၂ ဗို့ ကျည် ၁၁ တောင့် စုစုပေါင်းကျည် ၁၆၈၀ တောင့် နှင့် M61 လက်ပစ်ဗုံး ၂ လုံး၊ 91 လက်ပစ်ဗုံး ၁ လုံး စုစုပေါင်း ( ၃ )လုံး၊ ကျည်အိမ်အရှည် (၁၇)ခု၊ ကျည်အိမ်အဝိုင်း(၂)ခု စုစုပေါင်း(၁၉)ခု သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ယူနီဖောင်း၊ ဘက်တံဆိပ်၊ စကားပြောစက်၊ စာရွက်စာတမ်းများပါရှိရာ B.T.M Army ဘက်တံဆိပ် ၁ ခု၊ M.K.C.D.F ဘက်တံဆပ်ပ် ၁ ခု၊ မြို့ပြတော်လှန်ရေးတပ်ဦး ဘက်တံဆိပ် ၁ ခု၊ ပြည်သူ့ကာကွယ်ရေးတပ် ဘက်တံဆိပ် ၁ ခု၊ ဗိဿနိုး PDF ဘက်တံဆိပ် ၁ ခု၊ 96 Solder ဘက်တံဆိပ် အနက် ၁၀ ခု၊ အနီ ၁၀ ခု၊ ကယန်းပြည်နယ်ဖွဲ့စည်းပုံအခြေခံမူကြမ်း စာအုပ် ၂ အုပ်၊ ပျောက်ကြားစိမ်းယူနီဖောင်း( ဘက်တံဆိပ်မပါ) ၃ စုံ၊ Icom လမ်းလျောက်စကားပြောစက် ၃ လုံး၊ Icom အားသွင်းခွက် ၂ ခု၊ လက်ကိုင်ဖုန်း ၅ လုံး သိမ်းဆည်းရမိခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)