သီးထပ်စွမ်းအားများတိုးတက်ရေး၊ သီးထပ်သီးညှပ်စိုက်ပျိုးရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မှာကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီးထပ်စွမ်းအားများတိုးတက်ရေး၊ သီးထပ်သီးညှပ်စိုက်ပျိုးရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မှာကြား


နေပြည်တော်၊ မတ် ၂၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သည် နေပြည်တော်ကောင်စီဝင်များနှင့်အတူ ယမန်နေ့က ပျဉ်းမနားမြို့နယ် မယ်ဇလီကုန်း ကျေးရွာအုပ်စု မယ်ဇလီကုန်းကျေးရွာရှိ မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း လီမိတက် (MAPCO) ဆန်စက်ဝင်းအတွင်း၌ ဦးသန်းဇော်ဦး၏ ဒေသနွားအကောင် ၆၀၊ အသားတိုးနွား (ဘရန်မင်) အကောင် ၂၀ ကို ခြံလှောင်စနစ်ဖြင့် မွေးမြူထားရှိမှုအခြေအနေကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်းလီမိတက် (MAPCO) ဆန်စက်မှ ဆန်များကြိတ်ခွဲထားရှိမှုနှင့် ဆန်စက်ဝင်းအတွင်း တည်ဆောက်နေသည့် Myanmar Rice Bran Oil Co.,ltd. ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ်ရေး စက်ရုံ (နေပြည်တော်) တည်ဆောက်ရေးလုပ်ငန်းခွင်၌ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားမြို့နယ် ဇီးဖြူပင်ကျေးရွာအုပ်စု သစ်ဆိမ့်ပင် ကျေးရွာ ကွင်းအမှတ် ၁၇၂၁ တွင် နွေစပါးမျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးနေမှု၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာပေါင်းစပ်သုံးစွဲခြင်း သရုပ်ပြသခြင်း ကို ကြည့်ရှုအားပေးပြီး နေပြည်တော်အတွင်း အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းမွှေးစပါးမျိုးကို တိုးချဲ့စိုက်ပျိုးကြစေလိုကြောင်း၊ စိုက်ပျိုးရေများကိုစနစ်တကျ အလေအလွင့်မရှိစေရေး၊ သီးထပ်စွမ်းအားများတိုးတက်ရေး၊ သီးထပ်သီးညှပ်စိုက်ပျိုးရေးတို့ကို အလေးထားဆောင်ရွက်ကြစေလိုကြောင်းမှာကြားသည်။

ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာကျေးရွာအုပ်စု ပေါက်တောကျေးရွာရှိ ပိုင်ရှင်ဒေါ်ပြုံးသက်ပိုင်၏ ဥစားကြက်အကောင် ၃၀၀၀ နှင့် အသားတိုးကြက်အကောင် ၂၀၀၀ မွေးမြူရေးလုပ်ငန်းနှင့် ဇေယျာသီရိမြိုနယ် ရှားစေးဖိုကျေးရွာ ကွင်းအမှတ် (၁၆၁၈) တွင် TBL မျိုးစေ့ထုတ်ကုမ္ပဏီက TBL- KTK 1 ချည်မျှင်ရှည်ဝါ စပ်မျိုးထုတ်စိုက်ခင်းတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)