၁၃၈၆ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ တိုင်းရင်းသားရိုးရာအကနှင့် ယိမ်းအကပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

၁၃၈၆ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်၌ တိုင်းရင်းသားရိုးရာအကနှင့် ယိမ်းအကပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်




ရန်ကုန်၊ မတ် ၂၃

ယူနက်စကို၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ တိုင်းရင်းသားရိုးရာအကနှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ယိမ်းပြိုင်ပွဲများအနေဖြင့် ၁၂ ဦးယိမ်း (မူကြို ကျောင်းများ)၊ ၁၂ ဦးယိမ်း (ကျောင်းများ)၊ ၁၂  ဦး ယိမ်း (ရုံး/အခြားဌာနများ)၊ ၁၆ ဦးယိမ်း (ကျောင်း များ)၊ ၁၆ ဦးယိမ်း (ရုံး/အခြားဌာနများ)၊ ၂၀ ဦး ယိမ်း(အလွတ်တန်း)၊ ၁၂ ဦးယိမ်း (ကျား) (အလွတ်တန်း) နှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများ ဖြင့် ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲဝင်အသင်းများအနေဖြင့် မတ် ၃၁ ရက် နောက်ဆုံးထား၍ ဗိုလ်တထောင်မြို့နယ် (၄၆) လမ်း (၁၂) ထပ်ခွဲရုံး (၁၀) လွှာရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) တွင် လာရောက်စာရင်းပေးသွင်း နိုင်ပြီး အသေးစိတ်သိရှိလိုပါက အကဲဖြတ် လုပ်ငန်းကော်မတီ ဖုန်း-၀၉၅၁၀၃၂၈၇ ၊ ၀၉၅၀၂၇၂၆၀၊ ၀၉၅၀၂၇၉၉၀ ၊ ၀၉၄၅၂၈၁၃၆၇၂ ၊ ၀၉၄၂၀၁၅၂၃၃၉ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)