ဝေါမြို့ရှေ့ဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ် ရွှေသင်္ကန်းကပ်လှူခြင်း စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား အထွဋ်တင်မင်္ဂလာအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါမြို့ရှေ့ဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ် ရွှေသင်္ကန်းကပ်လှူခြင်း စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား အထွဋ်တင်မင်္ဂလာအခမ်းအနားကျင်းပ





ဝေါ၊ မတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေ့ဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကြုံတူစေတီတော်ကြီးနှစ်ဆူအနက် နောင်တော်လေးစေတီတော် ရွှေသင်္ကန်းကပ်လှူခြင်း စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား အထွဋ်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှေ့ဟောင်းသမိုင်းဝင် ကြုံတူစေတီတော်မြတ်ကြီး၌ ကျင်းပသည်။

ရှေးဦးစွာ ဝေါမြို့နယ်အတွင်းရှိ ဆရာတော်ကြီးများနှင့် ဆရာတော်သံဃာတော်များက ဗုဒ္ဓဘိသေကအနေ ကဇာတင်မင်္ဂလာနှင့် ထီးတော်ရွှေသင်္ကန်းအသစ်တဖန်ပြန်လည်ကပ်လှူခြင်း စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ဒါတဗ္ဗဝတ္ထုအစုစုတို့ကို လှူဒါန်းမှုတို့အား ရေစက်သွန်းချတရားတော်နာယူကြသည်။

ဆက်လက်၍ အလှူရှင် ဦးမျိုးရာဇာဟိန်း+ဒေါ်နန်းဇာဇာလှိုင် “ဆရာမနန်း” မိသားစုနှင့် စေတနာရှင်ပြည်သူများ စုပေါင်းလှူဒါန်းသည့် စေတီတော်ပေါ်သို့ တင်လှူပူဇော်မည့် ငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်တို့အား စေတီတော်၏ လက်ယာရစ်သုံးပတ် လှည့်လည်ပင့်ဆောင်ပူဇော်၍ မင်္ဂလာအချိန်တွင် ပန်းရထားဖြင့် စေတီတော်မြတ်ကြီးပေါ်သို့ ပင့်ဆောင်ခဲ့ပြီး ဝေါမြို့၊ သုခိတာရုံကျောင်းဆရာတော် ဥူးအဂ္ဂနန္ဒဦးစီးအမှူးပြု၍ အလှူရှင်များ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သန်း၊ စေတီတော်ဂေါပကအဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား စေတီတော်အထွဋ်သို့ တင်လှူပူဇော်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းကာ ရတနာရွှေမိုးငွေမိုးများရွာသွန်းဖြိုးပြီး ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးသည်။

ရှေ့ဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ကြုံတူစေတီတော်ကြီးနှစ်ဆူအနက် နောင်တော်လေးစေတီတော် ရွှေသင်္ကန်းကပ်လှူခြင်း စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား အထွဋ်တင်မင်္ဂလာအခမ်းအနားအောင်ပွဲအထိမ်းအမှတ်အနေဖြင့် ညပိုင်းတွင် ကြုံတူစေတီတော်ပေါ်၌ ဆီမီး(၃၆၀၀)ပူဇော်ပွဲနှင့် ဝေါဆရာတော်ဘဒ္ဒန္တသုမင်္ဂလမှ မိဘကျေးဇူးဆပ်တရားဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။


စိုးမိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)