မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့လှူဒါန်း





ပွင့်ဖြူ၊ မတ် ၁၅

မြန်မာနိုင်ငံကြက်ခြေနီအသင်းက မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် ယမန်နေ့က တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။ 

ထိုသို့ထောက်ပံ့ရာတွင် မကွေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့၏ ဦးဆောင်မှုဖြင့် မင်းဘူး၊ ပွင့်ဖြူ၊ ရေနံချောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် အသင်းအဖွဲ့ဝင်များက လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျေးရွာရပ်မိရပ်ဖများနှင့်အတူ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများကိုတွေ့ဆုံ၍ အားပေးစကားများ ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌနှင့် အသင်းအဖွဲ့ဝင်များက မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့လှူဒါန်းသော ကယ်ဆယ်ရေးပစ္စည်းများကို ကျေးရွာရှိ မီးဘေးသင့်အိမ်ခြေ ၃၆၀ ၊ အိမ်ထောင်စု ၃၇၂ စု၊ လူဦးရေ ၁၄၄၅ ဦးအတွက် ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်နိုင်ရန် မီးဘေးသင့်အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၄၅၀၀၀ တန်ဖိုးရှိ အမျိုးသား/အမျိုးသမီး တစ်ကိုယ်ရေသုံးပစ္စည်း(၇)မျိုးစီ၊ မိုးကာ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဂျယ်လီကန် ဆယ်လီတာဆံ့ရေပုံးများကို စနစ်တကျ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ၌ မတ် ၁၂ ရက်နေ့က ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ ၄၅၀၊ အိမ်ထောင်စု ၄၇၀ ရှိသည့်အနက် အိမ်ခြေ ၃၆၀  မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၃၇၂ စု၊ လူဦးရေ ၁၄၄၅ ဦး မီးဘေးဒဏ်သင့်ခဲ့ကြောင်းသိရပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် ဘုန်းတော်ကြီးကျောင်း(၃)ကျောင်းတွင် ယာယီမီးဘေးရှောင်စခန်းဖွင့်လှစ်ထားရှိပြီး လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။


လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)