မင်းလှမြို့နယ်တွင် အခြေခံပညာမူလတန်းဆင့်နှင့် အလယ်တန်းဆင့် စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းလှမြို့နယ်တွင် အခြေခံပညာမူလတန်းဆင့်နှင့် အလယ်တန်းဆင့် စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်





အထက်မင်းလှ၊ မတ် ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းဆင့်နှင့် အလယ်တန်းဆင့် စွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း မင်းလက်ဝါးခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မင်းလှမြို့နယ် ပညာရေးမှူးရုံးမှ ဒုတိယပညာရေးမှူး ဦးစိန်ထွေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းဖွင့်လှစ်ရာ၌ မူလတန်းဆင့် စွမ်းရည်မြှင့်မွမ်းမံသင်တန်းတွင် သင်တန်းနည်းပြ ဆရာ၊ ဆရာမ(၄၈)ဦးတို့က သင်တန်းသား၊ သင်တန်းသူ(၇၀၄)ဦးနှင့် အလယ်တန်းဆင့် စွမ်းရည်မြှင့်သင်တန်းတွင် သင်တန်းနည်းပြ ဆရာဆရာမ(၁၆)ဦးတို့က သင်တန်းသား၊ သင်တန်းသူ(၂၆၁)ဦးတို့အား သင်ကြားပို့ချပေးမည်ဖြစ်ပြီး၊ သင်တန်းကာလမှာ မတ်လ(၂၄)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ဇာဇာ(အထက်မင်းလှ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)