ဥတ္တရသီရိမြို့နယ်၌ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥတ္တရသီရိမြို့နယ်၌ ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ



ဥတ္တရသီရိ၊ မတ် ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်နှင့် ဥတ္တရသီရိမြို့နယ်အဆင့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းစွမ်းရည်မြှင့်သင်တန်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉  နာရီက ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဥတ္တရခရိုင်ပညာရေးမှူး ဒေါက်တာမာမာဇင်က အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်အုန်းဆန်းက ဆွေးနွေးပွဲဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ဥတ္တရခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်အေးက သင်တန်းသားများလိုက်နာရန် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး အဆိုပါဆွေးနွေးပွဲတွင် အခြေခံပညာအထက်တန်းအဆင့် သင်တန်းသား၊ သင်တန်းသူ ၄၂၁ ဦးကို သင်တန်းနည်းပြ ၃၄ ဦးဖြင့်လည်းကောင်း၊ အခြေခံပညာအလယ်တန်းအဆင့် သင်တန်းသား၊ သင်တန်းသူ ၂၀၅ ဦးကို သင်တန်းနည်းပြ ၁၆ ဦးဖြင့်လည်းကောင်း၊ အခြေခံပညာမူလတန်းအဆင့် သင်တန်းသား၊ သင်တန်းသူ ၃၈၁ ဦးကို သင်တန်းနည်းပြ ၂၈ ဦးဖြင့်လည်းကောင်း သင်တန်းကာလ ၄ ရက်ကြာ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်မျိုးဝင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)