စစ်တိုက်ဖို့လူငယ်တွေထုတ်သုံးတော့မယ်လို့ ဇီလန်စကီးပြောပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တိုက်ဖို့လူငယ်တွေထုတ်သုံးတော့မယ်လို့ ဇီလန်စကီးပြောပြီ


မတ် - ၂၅ ( အင်္ဂါနေ့ ) 

ယူကရိန်းတပ်ဖွဲ့ဝင် အများအပြားသည် စစ်ကူများ လိုအပ်နေသောကြောင့် လက်နက်ကိုင်တပ်ဖွဲ့သို့ လူငယ်များကို ထပ်မံစုဆောင်းရမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗလာဒီမာ ဇယ်လန်စကီးက ပြောကြားလိုက်ပါတယ်။ 

တနင်္လာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဇီလန်စကီး က စစ်သားစုဆောင်းရေး လုပ်ဆောင်ရာမှာ  အသက် ၁၈နှစ် မှ ၂၄ နှစ်ကြား နိုင်ငံသားများကို ပစ်မှတ်ထား၍ စုဆောင်းမှု တိုးချဲ့နေသည်ကို အတည်ပြုခဲ့ပါတယ်။ မဖြစ်မနေ စစ်မှုထမ်းရမည့် အသက် ၂၄ နှစ်အထက် အမျိုးသားများအတွက် အစိုးရက မက်လုံးများပေး ထားပါတယ်။ လူငယ်စစ်မှုထမ်းတွေကိုတော့ စေတနာ့ဝန်ထမ်း လုပ်အားပေးရန် တွန်းအားပေး ထားပါတယ်။ 

"ကျွန်တော် စနေနေ့က ရှေ့တန်းကို သွားရောက်ခဲ့တယ်။ သီးခြားတပ်မတွေဆီက တောင်းဆိုချက်တွေရပါတယ်။ အဲ့ဒါကတော့ စစ်သားအင်အား မလုံလောက်မှုပါပဲ။  အဲဒါကို ကျွန်တော်တို့က အပြုသဘောနဲ့ တုံ့ပြန်ရပါမယ်။ လူငယ်တွေနဲ့ဖွဲ့ထားတဲ့တပ်တွေကို အထူးကျွမ်းကျင်သူတွေနဲ့ တွဲဖက်ပြီး တပ်တွေ အင်အားတောင်တင်း လာအောင် လုပ်ကြရပါမယ်။ ထိရောက်တဲ့ ကာကွယ်ရေး တပ်ဖွဲ့အားလုံးကို သူတို့ရဲ့ စွမ်းဆောင်ရည် မြှင့်တင်ဖို့ အခွင့်အရေးတိုင်းကို ပေးသင့်တဲ့အတွက် ဒီပဏာမခြေလှမ်းက အမျိုးသားအစောင့်တပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ တွေကို တိုးချဲ့သွားမှာဖြစ်ပါတယ်” လို့ ဇီလန်စကီးကပြောသွားပါတယ်။ 

ဖေဖော်ဝါရီလတွင် စတင်ခဲ့သော လူသစ်စုဆောင်းရေး လှုပ်ရှားမှုတစ်ခုအောက်တွင် အရွယ်ရောက်ပြီးသူအား စစ်မှုထမ်းရန် တစ်နှစ်အတွက် ယူကရန်းငွေ ၁ သန်း  (ဒေါ်လာ ၂၄၀၀၀) အပြင် သွားဘက်ဆိုင်ရာ စောင့်ရှောက်မှု အခမဲ့နှင့် ၎င်းတို့၏ စာချုပ်ကို ပြည့်စုံပြီးနောက် ယူကရိန်းကနေ ထွက်ခွာရန် ပတ်စ်ပို့စ် တွေရမှာပဲဖြစ်ပါတယ်။ အဲ့ဒါက ပုံမှန် တိုက်ပွဲဝင်အရွယ် အမျိုးသားများအတွက် မရရှိနိုင်တဲ့ အခွင့်အရေးတွေပဲ ဖြစ်ပါတယ် ။ 

ကာကွယ်ရေးဝန်ကြီးဌာနသည် တပ်သားသစ်များ ဝင်လာမယ်ဆိုပါက ကမ်းလှမ်းချက်များကိုလည်း မြှင့်တင်နေပါတယ်။ အစားအသောက်ဝယ်ယူမယ့်အပိုင်း၊ အင်တာတိန်မန့် ရရှိနိုင်မယ့်အပိုင်းနေတွေကလည်း အထူးအခွင့်အရေးတွေပဲ ဖြစ်ပါတယ်။ ဝေဖန်သူများက အဆိုပါ ကြော်ငြာကမ်ပိန်းသည် အလားအလာရှိသော လူသစ်များကို ရှုံ့ချ နေသလိုပါပဲ လို့ ဆိုပါတယ်။ 


REF: RT 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)