မုဒုံမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်စာမေးပွဲ ဇီဝဗေဒ/ဘောဂဗေဒ‌ဘာသာရပ်အေးချမ်းစွာဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်စာမေးပွဲ ဇီဝဗေဒ/ဘောဂဗေဒ‌ဘာသာရပ်အေးချမ်းစွာဖြေဆို




မုဒုံ၊ မတ် ၂၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အထက(၁)မုဒုံ နှင့် အထက(ကမာဝက်) စာစစ်ဌာနများတွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဇီဝဗေဒ/ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသူ  ၁၂၃၂  ဦး  ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ  ၁၂၁၀ ဦးရှိပြီး ပျက်ကွက်သူ ၂၂ ဦးရှိသဖြင့် ၉၈.၂၁ ရာခိုင်နှုန်း ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များ၊ ပြည်သူ့စစ်၊ မီးသတ်တပ်ဖွဲ့၊ ကျောင်းအကျိုးတော်ဆောင်များမှ ပူးပေါင်း၍ လုံခြုံရေး တာဝန်ယူ ဆောင်ရွက် ပေးလျက်ရှိသည်။

မုဒုံမြို့နယ် စာစစ်ဌာန(၂)ခုတွင် ကျောင်းသား/သူများ စိတ်အေးချမ်းသာယာစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။


Moe Sann

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)