နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး နှစ်(၈၀)ပြည့် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဉ္စမအကြိမ် စက္ခုအလင်းဒါနအဖြစ် မျက်စိခွဲစိတ်ကုသပေးခြင်း ဖွင့်ပွဲအခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး နှစ်(၈၀)ပြည့် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဉ္စမအကြိမ် စက္ခုအလင်းဒါနအဖြစ် မျက်စိခွဲစိတ်ကုသပေးခြင်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

 



နေပြည်တော်,  မတ် ၂၂


နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ သွားရောက်ပြီး ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ(ပဉ္စမနေ့) ရူပဗေဒဘာသာရပ်နှင့်သမိုင်း ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။


ကြည့်ရှုအားပေးရာတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက တက္ကသိုလ်ဝင်စာမေးပွဲကို စာမေးပွဲအခန်းတာဝန်ကျကြီးကြပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထောက်အကူပြုအဖွဲ့များအား ကျောင်းသား/ကျောင်းသူများအတွက် လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာမေးပွဲကို စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီအောင်မြင်အောင်ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကိုတာဝန်ရှိသူများအား မှာကြားသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် နေပြည်တော်၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်ရောဂါ အထူးကုဆေးရုံကြီး၌ကျင်းပသော နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့ပူးပေါင်း၍ ပဉ္စမအကြိမ် စက္ကူအလင်းဒါနအဖြစ် နေပြည်တော်ကောင်စီနယ်မြေရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းနှင့်မိသားစုဝင်များအား အခမဲ့မျက်စိခွဲစိတ်ကုသပေးခြင်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး လာရောက်ဆေးကုသမှုခံယူသော မျက်စိရောဂါဝေဒနာရှင်များအား လှည့်လည်ကြည့်ရှုအားပေး ခဲ့သည်။


ယင်းနောက် နေပြည်တော်ကောင်စီဝင်သည် တာဝန်ရှိသူများလိုက်ပါလျက် ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့လည်းကောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့လည်းကောင်း သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး စာစစ်ဌာနများရှိပြင်ပတွင်စောင့်ရှောက်ပေးသည့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ ပူးပေါင်းပါဝင်ကူညီ‌စောင့်ရှောက်မှုကြောင့် ကျေးဇူးတင်ကြောင်း ရင်းရင်းနှီးနှီးတွေ့ဆုံပြောကြားခဲ့ကြောင်း သိရသည်။


အောင်မျိုးဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)