ကုန်သွယ်ရေးစစ်ပွဲကို အနိုင်တိုက်မယ်လို့ ကနေဒါ ပူပူနွေးနွေး ဝန်ကြီးချုပ်ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုန်သွယ်ရေးစစ်ပွဲကို အနိုင်တိုက်မယ်လို့ ကနေဒါ ပူပူနွေးနွေး ဝန်ကြီးချုပ်ပြော


မတ် - ၁၀ ( တနင်္လာနေ့ ) 

ပူပူနွေးနွေး ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးသည် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေးစစ်ပွဲကို အနိုင်တိုက်မယ်လို့ ကတိကဝတ်ပြုထားပြီး လက်တုံ့ပြန်အခွန်စည်းကြပ်မှုများ ဆက်လက်ရှိနေဦးမယ်လို့ သတိပေးပြောလိုက်ပါတယ်။ 

ကနေဒါနှင့် မက္ကဆီကိုတို့အပေါ် အခွန် ၂၅ ရာခိုင်နှုန်းနှင့် တရုတ်သွင်းကုန်များအပေါ် ၁၀ ရာခိုင်နှုန်း အခွန် စည်းကြပ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလအတွင်းမှာ သမ္မတလုပ်ပိုင်ခွင့် အမိန့် ထုတ်ခဲ့တာကြောင့် အမေရိကန်နဲ့ အဆိုပါနိုင်ငံတွေကြားမှာ နိုင်ငံရေးတင်းမာမှုများ မြင့်တက်လာခဲ့ပါတယ်။ 

ကနေဒါအစိုးရက က ဒေါ်လာ ဘီလီယံ ၃၀ တန်ဖိုးရှိ အမေရိကန် ကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်မှုဖြင့် တုံ့ပြန်ခဲ့ပြီး နောက်လအတွက် နောက်ထပ်အခွန် ဒေါ်လာ ၁၂၅ ဘီလီယံဖိုးအခွန်စည်းကြပ်ဖို့  ထပ်မံသတ်မှတ် ထားပါတယ်။ 

ကာနေးသည် ဆန္ဒမဲ ၈၅.၉ ရာခိုင်နှုန်းဖြင့် ကနေဒါနိုင်ငံ၏ လစ်ဘရယ်ပါတီခေါင်းဆောင်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး နိုင်ငံ၏နောက်ထပ် ၀န်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ မနေ့က သူ့ရဲ့ ရာထူးလက်ခံ ဖွင့်ပွဲမိန့်ခွန်းတွင် “ထရမ့်က ကနေဒါမိသားစုများကို တိုက်ခိုက်ခြင်း” လို့ ဆိုခဲ့ပြီး “တရားမျှတမှုမရှိသော အခွန်အတုတ်များ” ချမှတ်မှုအတွက် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။  “ကနေဒါလူနေမှုပုံစံကို ပျက်ပြားစေရန် ကြိုးပမ်းခြင်း” လို့လည်း  စွပ်စွဲခဲ့ပါတယ်။ 

“ကျနော်တို့ရဲ့စီးပွားရေးကို အားနည်းအောင်လုပ်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ရှိတယ်။ ဒေါ်နယ်ထရမ့်ပါပဲ။ သူက ကျနော်တို့တည်ဆောက်ထားတဲ့ အရာ၊ ကျနော်တို့ရောင်းချတဲ့ အရာတွေအပေါ် ၊ ကျနော်တို့ ရဲ့ အသက်မွေးဝမ်းကျောင်းမှုအပေါ် တရားမျှတမှုမရှိတဲ့ အခွန်စည်းကြပ်မှုများချမှတ်ခဲ့ပါတယ်။ ကနေဒါအစိုးရအနေနဲ့  ကိုယ်ပိုင်အကောက်ခွန်မှုများကို မှန်ကန်စွာ လက်တုံ့ပြန်နေပါတယ်။ အမေရိကန်တွေက ကျွန်တော်တို့ကို လေးစားမှုမပြမချင်း အစိုးရအနေနဲ့ ကျွန်တော်တို့ရဲ့ အခွန်အကောက်တွေကို ဆက်ထားမှာပါ” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)