သာယာဝတီမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ/ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် ‌ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာယာဝတီမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဆရာ/ ဆရာမများ ဘာသာရပ်စွမ်းရည်မြှင့် ‌ဆွေးနွေးပွဲပြုလုပ်




သာယာဝတီ၊ မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်စွမ်းရည်မြင့်မားရေးအတွက် ဆရာ/ ဆရာမများအား ကောင်းမွန်သော သင်ကြားရေးဆိုင်ရာ အရည်အသွေးများနှင့် လုပ်ငန်းတတ်ကျွမ်းမှုဆိုင်ရာ စွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သင်ရိုးသစ်ဘာသာရပ်များကို ပိုမိုနားလည်တတ်ကျွမ်းလာစေရန်ရည်ရွယ်၍ အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က (၁) သာယာဝတီကျောင်းနှင့် အ.ထ.က (သုံးဆယ်) ကျောင်းများ၌ ဖွင့်လှစ်သင်ကြားလျှက်ရှိရာ ၂၀၂၅ ခုနှစ်၊ အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြင့်မားရေးဆွေးနွေးပွဲကို ခရိုင်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် မတ်လ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့ထိ ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အ.ထ.က (၁) သာယာဝတီကျောင်းတွင် အလယ်တန်းအဆင့်တွင် နည်းပြ (၅၂) ဦးနှင့် ရုံးအဖွဲ့ (၃) ဦး၊ ကျောင်းဆရာ/ဆရာမ (၇၀၃) ဦး၊ အ.ထ.က (သုံးဆယ်) ကျောင်းတွင် မူလတန်းအဆင့်တွင် နည်းပြ (၅၀) ဦး၊ ဆရာ/ ဆရာမ (၇၅၆) ဦး၊ တက်ရောက်ဆွေးနွေးကြမည်ကြောင်း သိရသည်။


သန့်ဇော် 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)