သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP) အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP) အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 






သင်္ဃန်းကျွန်း၊ မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP) အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယ‌မန်‌နေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူလေးများမှ “ပညာပန်းတို့ လန်းရာမြေ” သီချင်းဖြင့် စတင်ဖျော်ဖြေခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် “ပညာမြင့်မှ တိုင်းပြည်နှင့် လူမျိုးမြင့်မည်ဖြစ်ပြီး လူသားရင်းမြစ်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရန် ပညာရေးသည် ပဓာနကျကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ လုပ်ငန်းစွမ်း‌ဆောင်ရည်များ မြင့်မားတိုးတက်လာ‌အောင် ဆရာများ၏ အရည်အသွေးကို အစဉ်မြှင့်တင်ကြိုးစားဆောင်ရွက်ကြ‌စေလိုကြောင်း” စသည်ဖြင့် တိုက်တွန်း ပြောကြားခဲ့သည်။ ဆက်လက်၍ သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်မှဆရာမ နှစ်ဦးက “ရတနာပုံ” သီချင်းဖြင့် တီးခတ်ဖျော်ဖြေခဲ့ပြီး ကျောင်းသူလေးများမှ “ပြည့်ရတနာ” သီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ထိုနောက်ဝန်ကြီးချုပ်မှ သင်တန်းတက်ရောက်သည့် ဆရာ၊ ဆရာမများနှင့် သင်တန်းနည်းပြများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့‌သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းပညာရေးမှူးနှင့် သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ ဒဂုံမြို့သစ်ခရိုင်၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ညောင်လေးပင်ခရိုင် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ (၁၀၆၆) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


သိန်းအောင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)