ကွမ်းခြံကုန်း၊ မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများအား မတ် ၂၃ ရက်နေ့က ၀က်ကိုက်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ်ဦးစီးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းစိုးဦးဆောင်ကြီးကြပ်မှုဖြင့် လက်ထောက်လ-ဝ-ကမှူး ဦးကောက်ရနှင့် ဝန်ထမ်းများက ဝက်ကိုက်ကျေးရွာတွင် အသက် (၁၀) နှစ်အထက် နိုင်ငံသားစီစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစီစစ်ရေးကတ် ဆောင်ရွက်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေးစာရင်းမရှိသူများကိုလည်း ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆွေနွယ်
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment