ကွမ်းခြံကုန်းမြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွမ်းခြံကုန်းမြို့နယ်တွင် ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

 



ကွမ်းခြံကုန်း၊ မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများအား‌ မတ် ၂၃ ရက်နေ့က ၀က်ကိုက်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကွမ်းခြံကုန်းမြို့နယ်ဦးစီးမှူးရုံး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းစိုးဦးဆောင်ကြီးကြပ်မှုဖြင့် လက်ထောက်လ-ဝ-ကမှူး ဦး‌ကောက်ရနှင့် ဝန်ထမ်းများက ဝက်ကိုက်ကျေးရွာတွင် အသက် (၁၀) နှစ်အထက် နိုင်ငံသားစီစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစီစစ်‌ရေးကတ် ဆောင်ရွက်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေးစာရင်းမရှိသူများ‌ကိုလည်း ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ဆွေနွယ် 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)