မိတ္ထီလာ၊ မတ် ၂၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာရှင်၊ အတက်ပညာရှင်နှင့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရေးအတွက် ဖွင့်လှစ်သည့် တိရစ္ဆာန်ဆေးကုသိပ္ပံ (၁)နှစ် ဒီပလိုမှာသင်တန်းမှ သင်တန်းသား သင်တန်းသူများ လက်တွေ့ကွင်းဆင်းလေ့ကျင့်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာအောင်ထွန်းက တိရစ္ဆာန်ဆေးကုသိပ္ပံ(၁)နှစ်ဒီပလိုမှာသင်တန်းမှသင်တန်းသား သင်တန်းသူများ လက်တွေ့ ကွင်းဆင်းလေ့ကျင့်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦး၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာအောင်ထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းသားသင်တန်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက သင်တန်းသား သင်တန်းသူများ စားနပ်ရိက္ခာအတွက် အလှူငွေကျပ် နှစ်သိန်းအား ပေးအပ်ခဲ့သည်။
အဆိုပါ တိရစာ္ဆန်ဆေးကုသိပ္ပံ (၁)နှစ် ဒီပလိုမှာသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၆၅ ဦးဖြင့် ရန်ကုန်မြို့တွင် စာတွေ့အဖြစ် ၂၀၂၄ခုနှစ် မေလ ၂ ရက်နေ့မှ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ (၉)လကြာ သင်ကြားခဲ့ပြီး လက်တွေ့လေ့ကျင့်သင်ကြားခြင်းတို့ကို နေပြည်တော်တွင် ၂၄ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၄ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၇ ဦးတို့ကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ (၃) ကြာသင်ကြားသွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးမှ သင်တန်းသား၊ သင်တန်းသူ ၁၇ ဦးအား မိတ္ထီလာခရိုင်တွင် မတ်လ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ မေထုန်မဲ့သားစပ်ခြင်း၊ ရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးကုသခြင်း၊ အသေးစားခွဲစိတ်ခြင်း၊ သင်းကွပ်ခြင်းနှင့် ပြည်သူလူထု အသိပညာပေးခြင်းလုပ်ငန်းများကို အဓိက သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)
https://t.me/MyanmarNationalPost
No comments:
Post a Comment