ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ နတ်တလင်းမြို့ ရွှေလင်းခန်းမပြုပြင်ခြင်းလုပ်ငန်းနှင့် စက်မှုလယ်ယာစနစ်တကျလယ်မြေ (၁၂၀) ဧက ဖော်ထုတ်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ နတ်တလင်းမြို့ ရွှေလင်းခန်းမပြုပြင်ခြင်းလုပ်ငန်းနှင့် စက်မှုလယ်ယာစနစ်တကျလယ်မြေ (၁၂၀) ဧက ဖော်ထုတ်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး








နတ်တလင်း၊ မတ် ၂၃

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့ ရွှေလင်းခန်းမပြုပြင်ခြင်းလုပ်ငန်းနှင့် စက်မှုလယ်ယာ စနစ်တကျလယ်မြေ (၁၂၀) ဧက ဖော်ထုတ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့၊ မြို့မရပ်ကွက်၊ရန်ကုန်-ပြည်ကားလမ်းဘေးရှိ ရွှေလင်းခန်းမပြုပြင်ခြင်းလုပ်ငန်းဆောင် ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအေးကျော်မှ ခန်းမပြုပြင်ဆောက်လုပ်ပြီးစီးမှု အခြေအနေ အားရှင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြခတ်ဝါးရုံ ကျေးရွာအုပ်စု၊ ကြခတ်ဝါးရုံကျေးရွာ ကွင်းအမှတ် (၂၅၈) တောင်သူ ၁၈ဦးပိုင်ဆိုင်သည့် စက်မှုလယ်ယာ စနစ်တကျလယ်မြေ (၁၂၀) ဧက ဖော်ထုတ်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ် စက်မှုလယ်ယာဦးစီးမှူး ဦးရဲထွန်းမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။


ဝေယံဖြိုး

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)