ဒုတိယအကြိမ်ကျင်းပသည့် ပင်လောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလစာမေးပွဲတော်ကြီး၌ သာသနာ့အာဇာနည်များအား စာအောင်ဆုနှင့် ဆုနှင်းသဘင် ချီးမြှင့်ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယအကြိမ်ကျင်းပသည့် ပင်လောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလစာမေးပွဲတော်ကြီး၌ သာသနာ့အာဇာနည်များအား စာအောင်ဆုနှင့် ဆုနှင်းသဘင် ချီးမြှင့်ဆက်ကပ်လှူဒါန်း






နောင်တရား၊ မတ် ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ နောင်တရားပရိယတ္တိစာသင်တိုက်၌ ဒုတိယအကြိမ်ကျင်းပပြုလုပ်သည့် ပင်လောင်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလစာမေးပွဲတော်ကြီး၌ စာအောင်သာသနာ့အာဇာနည် သံဃာတော်အရှင်မြတ်များအား စာအောင်ဆုနှင့် ဆုနှင်းသဘင်ချီးမြှင့်ဆက်ကပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ကျင်းပခဲ့သည်။

ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ နောင်တရားပရိယတ္တိစာသင်တိုက်၌ ဒုတိယအကြိမ်ကျင်းပသည့် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသနပါလစာမေးပွဲတော်ကြီး၌   ဓမ္မာစရိယတန်း စာဖြေသံဃာ (၁၁)ပါးတွင် စာအောင်သံဃာ (၉)ပါး၊ ပဉ္စမတန်းစာဖြေသံဃာ (၁၃)ပါးတွင် စာအောင်သံဃာ (၁၂)ပါး၊ စတုတ္ထတန်းစာဖြေသံဃာ (၃၅)ပါးတွင် စာအောင်သံဃာ (၂၇)ပါး၊ တတိယတန်းစာဖြေသံဃာ (၈၂)ပါးတွင် စာအောင်သံဃာ (၄၃)ပါး၊ ဒုတိယတန်းစာဖြေသံဃာ (၉၂)ပါးတွင် စာအောင်သံဃာ (၄၄)ပါး၊ ပထမတန်းစာဖြေသံဃာ (၉၇)ပါးတွင် စာစောင်သံဃာ (၅၂)ပါး၊ မူလတန်းစာဖြေသံဃာ (၁၄၀)ပါးတွင် စာအောင်သံဃာ (၁၁၉) ပါး၊ ဥပစာတန်းစာဖြေသံဃာ (၁၉၂)ပါးတွင် စာအောင်သံဃာ (၁၇၆)ပါး၊ စုစုပေါင်း စာဖြေသံဃာ (၆၆၂)ပါးတွင် စာအောင်သံဃာ (၄၈၂)ပါးရှိပြီး အောင်မြင်မှု (၇၃) ရာခိုင်နှုန်း ရှိသည်။

သာသနာ့ဒါယကာ၊ ဒါယိကာမတို့က ဩကာသကန်တော့ချိုးဖြင့် ကန်တော့ပြီး ဆရာတော်အရှင်သူမြက်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် သံဃာတောင်များက ပရိတ်တရားတော်များကို ချီးမြှင့်ခဲ့ကြသည်။ ပင်လောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပွဲတော်ဖြစ်မြောက်ရေးကော်မတီများနှင့် သာသနာ့ဒါယကာ၊ ဒါယိကာမတို့က ဂုဏ်ထူးဆောင် သံဃာတော်အရှင်သူမြတ်များကို စာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် မြို့နယ်ဩဝါဒါစရိယဆရာတော်ဘုရားကြီးက အနုမောဒနာတရားတော်ဟောကြား ချီးမြှင့်ပြီး ဌာနဆိုင်ရာများ၊ အလှူရှင်များမှ မဟာထေရ်ဆရာတော်ကြီးများကို လှူဖွယ်ပစ္စည်းဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်က စာမေးပွဲတော်၏ နိဂုံးချုပ် အောင်ဩဘာ စာတမ်းလွှာဖတ်ကြားလျှောက်ထားကာ သာသနာ့ဒါယကာ၊ ဒါယိကာမတို့က သံဃာတော်အရှင်မြတ်များကို ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတုဂါထာဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


ခွန်အောင်(နောင်တရား)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)