ဟိုပုံးမြို့နယ် အ.ထ.က(၂)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပုံးမြို့နယ် အ.ထ.က(၂)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ






ဟိုပုံး၊ မတ် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနဖြင့် ပူးပေါင်း၍ စာဖတ်ရှန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်သည်။

အသိပညာပေးဟောပြောပွဲတွင် ဒေသအဆင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး “စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များသို့ သွားလာအသုံးချနိုင်မည့် အလေ့အကျင့်ရရှိစေရေး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောသည်။

ထို့အပြင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂) ရပ်၊ နိုင်ငံရေးရည်မှန်းချက်(၂)ရပ်၊ အမျိုးသားရေးရည်မှန်းချက်(၂)ရပ်၊ နှင်းအပ်တာဝန် ကျေပွန်ခဲ့သည်၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးတည်ဆောက်နေ၊ ချစ်ညီစစ်သည်သို့ စသည့် ဆောင်းပါး၊ ကဗျာ၊ ဆောင်ပုဒ်များပါဝင်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေသည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ပအိုဝ်းဒေသ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)