ကယားပြည်နယ် လွိုင်ကော်မြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ် လွိုင်ကော်မြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်လှစ်





လွိုင်ကော်၊ မတ် ၂၄

ကယားပြည်နယ်အတွင်း အသက် ၁၄ နှစ်နှင့်အထက် လူငယ်မောင်မယ်များနှင့် မိသားစုဝင်များအတွက် သင့်တော်ကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ကယားပြည်နယ် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန၌ ဖွင့်လှစ်သည်။

အဆိုပါသင်တန်းအား ကယားပြည်နယ်အစိုးရအဖွဲ့၏ ထောက်ပံ့မှုဖြင့် ကယားပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းဆပ်ကော်မတီနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အတွင်းရေးမှူး ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကယားပြည်နယ်တာဝန်ခံက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းဖွင့်အမှာစကားပြောကြား၍ သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို သင်တန်းဆရာထံ လွှဲပြောင်းပေးအပ်ခဲ့ကာ တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား/သူများ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းသင်တန်းကို ၂၃ - ၃ - ၂၀၂၅ ရက်နေ့မှ ၂၇-၃-၂၀၂၅ ရက်နေ့ထိ (၅) ရက်ဖွင့်လှစ်၍ စာတွေ့/ လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား/သူ (၁၇) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။


ကိုဇင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)