ရွှေကျင်မြို့တွင် ရွှေကျင်မူလတန်းကြိုကျောင်းပဒေသာကပွဲနှင့် ကျောင်းဆင်းပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရွှေကျင်မြို့တွင် ရွှေကျင်မူလတန်းကြိုကျောင်းပဒေသာကပွဲနှင့် ကျောင်းဆင်းပွဲကျင်းပ






ရွှေကျင်၊ မတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် မကျည်းတန်းရပ်ကွက် ရွှေကျင်မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများ၏ ပဒေသာကပွဲနှင့် ကျောင်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၈) နာရီက မြို့နယ်စည်ပင်ခန်းမတွင် ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ရွှေကျင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စုစုရီက အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၅၉) ဦးတို့အား ကျောင်းဆင်းလက်မှတ်များကို မြို့နယ်ဦးစီးအရာရှိ ဒေါ်စုစုရီ၊ လူမှုဝန်ထမ်းရုံး ဒုတိယဦးစီးမှူး ဒေါ်ဖြူလှိုင်စိုး၊ ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်နန်းစုနှင်းမှုံ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်‌ တာဝန်ရှိသူတို့မှ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်ပြီး ရွှေကျင်မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက အက၊ အလှများဖြင့် ကပြဖျော်ဖြေကြရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျောင်းသား၊‌ ကျောင်းသူမိဘများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြသည်။

အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်းရုံး မြို့နယ်ဦးစီးအရာရှိ ဒေါ်စုစုရီ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် မူလတန်းကြို ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။


ထွန်းထွန်းဇော် 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)