ကြံခင်းမြို့နယ်ရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘက်ရဲမူကြိုကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်ရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘက်ရဲမူကြိုကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲကျင်းပ




ကြံခင်း၊ မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊  ဘက်ရဲမြို့ (အ.ထ.က) တေဇခန်းမ၌ ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ၂၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ဘက်ရဲမြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်လူမှုဝန်ထမ်းမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို ဘက်ရဲမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက ကျောင်းဆင်းပွဲအမှာစကားပြော ကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဉ္ဇာဝင်းက ကလေးသူငယ်ပြုစုပျိုး ထောင်ရေးလုပ်ငန်းနှင့် ECCD အကြောင်းအရာများအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ဘက်ရဲမူကြိုကျောင်းမှ ရင်သွေးငယ် ကျောင်းသား၊ ကျောင်းသူများက ပဒေသာအကများဖြင့် ကပြဖျော်ဖြေကြပြီး အခမ်းအနားတက်ရောက်လာကြသည့် တာဝန်ရှိသူများက မူလတန်းကြိုကျောင်းတွင် ကျောင်းဆင်းမည့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၄၈ ဦးအား ကျောင်းဆင်းလက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အလားတူ ကြံခင်းမြို့၊ ကဇင်းကြီးအုပ်စု၊ သမ္ဘာရာအင်းကျေးရွာရှိ မေတ္တာရိပ်မူကြိုကျောင်းတွင် မူလတန်းကြိုကျောင်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး ပဒေသာကပွဲတွင် ပါဝင်ကပြဖျော်‌ဖြေကြသူများအား ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)