သူနာပြုတက္ကသိုလ် ရန်ကုန်၏ (၂၇) ကြိမ်မြောက်၊ (၂၈) ကြိမ်မြောက်နှင့် (၂၉) ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သူနာပြုတက္ကသိုလ် ရန်ကုန်၏ (၂၇) ကြိမ်မြောက်၊ (၂၈) ကြိမ်မြောက်နှင့် (၂၉) ကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားများ ကျင်းပ





ရန်ကုန်၊ မတ် ၂၇

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုတက္ကသိုလ်၊ ရန်ကုန်၏ (၂၇) ကြိမ်မြောက်နှင့် (၂၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင်လည်းကောင်း၊ (၂၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို မွန်းလွှဲ ၁ နာရီတွင်လည်းကောင်း ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။ 

ဦးစွာ သူနာပြုတက္ကသိုလ် ရန်ကုန်ပါမောက္ခချုပ်ပါမောက္ခ ဒေါက်တာ တင်တင်ကျော်နှင့် ပညာရေးအဖွဲ့ဝင်များ၊ စီမံခန့်ခွဲရေးအဖွဲ့ဝင်များက သက်ဆိုင်ရာဝတ်ရုံများ ဝတ်ဆင်လျက် ဘွဲ့နှင်းသဘင်စင်မြင့်ပေါ်တွင် နေရာယူကြသည်။

ထို့နောက် ဘွဲ့ရ ကျောင်းသား/သူများက အဓိဋ္ဌာန်ပြုကတိသစ္စာရွတ်ဆိုကြပြီး ဘာသာရပ်အသီးသီးတွင် သင်တန်းအောင်မြင်သူများအား သူနာပြုတက္ကသိုလ် ရန်ကုန်ပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာ တင်တင်ကျော်က ဘွဲ့များအသီးသီးအပ်နှင်းပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် သူနာပြုတက္ကသိုလ်၊ ရန်ကုန်၏ (၂၇) ကြိမ်မြောက်နှင့် (၂၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်၌ သူနာပြုပါရဂူသင်တန်းအောင်မြင်သူ (၁) ဦး၊ သူနာပြုမဟာသိပ္ပံသင်တန်း အောင်မြင်သူ (၅၅) ဦး၊ အရေးပေါ်သူနာပြုစုမှုပညာဒီပလိုမာ အောင်မြင်သူ (၆) ဦး၊ သူနာပြုသိပ္ပံ (ပေါင်းကူး) (On-Campus) သင်တန်း အောင်မြင်သူ (၁၉၄) ဦး၊ သူနာပြုသိပ္ပံ (ပေါင်းကူး) (အဝေးသင်) သင်တန်းအောင်မြင်သူ (၁၇၃) ဦး၊ သူနာပြုသိပ္ပံ (ပုံမှန်) သင်တန်းအောင်မြင်သူ (၅၇) ဦးနှင့် အထူးပြုသူနာပြုဒီပလိုမာသင်တန်း အောင်မြင်သူ (၇၆) ဦးတို့ကို ဘွဲ့များအပ်နှင်းခဲ့ဖြစ်ပြီး နေ့လယ်ပိုင်းတွင် ကျင်းပသည့် သူနာပြုတက္ကသိုလ်၊ ရန်ကုန်၏ (၂၉) ကြိမ်မြောက် ဘွဲ့နှင်းသဘင်၌ သူနာပြုပါရဂူသင်တန်း အောင်မြင်သူ (၂) ဦး၊ သူနာပြုမဟာသိပ္ပံသင်တန်းအောင်မြင်သူ (၁၆) ဦး၊ သူနာပြုသိပ္ပံ (ပုံမှန်) သင်တန်းအောင်မြင်သူ (၈၀) ဦးနဲ့ အထူးပြုသူနာပြုဒီပလိုမာသင်တန်းအောင်မြင်သူ (၅၇) ဦးတို့ကို ဘွဲ့များအပ်နှင်းခဲ့သည်။

သူနာပြုတက္ကသိုလ်၊ ရန်ကုန်မှ မွေးထုတ်ပေးခဲ့သည်ဘွဲ့ရဦးရေမှာ သူနာပြုပါရဂူဘွဲ့ (၃) ဦး၊ သူနာပြုမဟာသိပ္ပံဘွဲ့ (၂၅၉) ဦး၊ သူနာပြုသိပ္ပံဘွဲ့ရရှိသူ (၅၅၄၉) ဦး၊ အထူးပြုသူနာပြုဒီပလိုမာဘွဲ့ရရှိသူ (၉၃၆) ဦးရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။


ကျော်ဆန်းမြင့်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)