ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ခိုင်ဖြိုးပါတီ ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဦးလှဆွေ ဒေသခံပြည်သူများနှင့် သွားရောက်တွေ့ဆုံ





နေပြည်တော်၊ မတ် ၂၅

ပြည်ခိုင်ဖြိုးပါတီ၏ ပြည်ထောင်စုနယ်မြေ၊ ပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှု့ဆောင် ဦးလှဆွေ ဦးဆောင်သောအဖွဲ့သည် ယနေ့ မတ် ၂၅ ရက် မနက်ပိုင်းက ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာမှ ရွာသူ/ရွာသားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဦးလှဆွေသည် သရက်တော ရွာဦးကျောင်းတိုက်ဆရာတော်အား နဝကမ္မ အလှူငွေ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်က သြဝါဒစကားကို ခံယူခဲ့ကြသည်။ ဆရာတော်က မိမိသည် Bullet ဂျာနယ် စာဖတ်ပရိတ်သပ်ဖြစ်ကြောင်း ၊ အပါတ်စဉ် ဝယ်ယူပြီး ဖတ်ရှု့ကြောင်း၊ မိမိဖတ်ပြီးက ကျောင်းက ဦးပဇ္ဇင်း ကပ္ပိယများ၊ ထိုမှတဆင့် ရွာထဲက ဒကာဒကာမတို့ကိုဖတ်စေကြောင်း၊ လူခြင်းတွေ့ခြင်နေတာကြာပြီဖြစ်ကြောင်း၊ အခုလိုတွေ့ရလို့ ဝမ်းသာကြောင်း၊ ဂျာနယ်မှာရေးသားဖော်ပြထားချက်များကို ပြည်သူလူထုသို့များများသိရစရန် ပြောကြားသင့်ကြောင်း မိန့်ကြားပါသည်။

ထို့နောက် ရပ်မိရပ်ဖနှင့် ရွာသူရွာသားများအား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းအောင် နှင့် ဗဟိုကော်မတီဝင် ဦးဖိုးသိန်း တို့က ကဏ္ဍအလိုက်ဟောပြောကြပြီး တက်ရောက်လာသောပြည်သူများက ၎င်းတို့ရွာ မြောက်ဖက် ချောင်းမကျီးချောင်း ရေတိုက်စားနေမှု့အား ရေကာတာပြုလုပ်ပေးရေးတင်ပြသဖြင့် သက်ဆိုင်ရာ အထက်အဆင့်ဆင့်သို့တင်ပြနိုင်ရန်မှတ်တမ်းရယူခဲ့ကြောင်း သိရသည်။

ထို့နောက် ဦးလှဆွေ က လာမည့်ပါတီစုံ ရွေးကောက်ပွဲဆိုင်ရာများကို အကျယ်တဝံ့ဟောပြော၍ တက်ရောက်လာသူအပေါင်းအား အားဖြည့်အချိုရည် တိုက်ကျွေးကာ အခန်းအနားကိုရုပ်သိမ်းခဲ့သည်။

ထို့နောက် ကျေးရွာ မှ တင်ပြသော ရေကာတာလုပ်ရန်လိုသည့် ချောင်းမကျီးချောင်း ရေတိုက်စားရာနေရာသို့ ကွင်းဆင်းကြည့်ရှု့ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)