နွေရာသီကျောင်းပိတ်ရက်တွင် အားကစားသင်တန်းနှင့်ယဉ်ကျေးလိမ္မာသင်တန်းသို့ တက်ရောက်နေသော ကျောင်းသူ/သားများထံသို့ အမျိုးသမီးရေးရာအဖွဲ့ဝင်များက အချိုရည်ဘူးများနှင့် မုန့်များသွားရောက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွေရာသီကျောင်းပိတ်ရက်တွင် အားကစားသင်တန်းနှင့်ယဉ်ကျေးလိမ္မာသင်တန်းသို့ တက်ရောက်နေသော ကျောင်းသူ/သားများထံသို့ အမျိုးသမီးရေးရာအဖွဲ့ဝင်များက အချိုရည်ဘူးများနှင့် မုန့်များသွားရောက်လှူဒါန်း

 






ပြည်ကြီးတံခွန်၊ မတ် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက နွေရာသီကျောင်းပိတ်ရက်တွင် အားကစားသင်တန်းနှင့် ယဉ်ကျေးလိမ္မာသင်တန်းသို့ တက်ရောက်နေသော ကျောင်းသူ/သားများထံသို့ အချိုရည်ဘူးများနှင့် မုန့်များကို ယမန်နေ့ နံနက် (၉) နာရီအချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းရာတွင်  ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားရုံတွင် နွေရာသီကရာတေးနှင့် တိုက်ကွမ်ဒိုသင် တန်းတက်ရောက်နေသည့် သင်တန်းသား/ သူများကိုလည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ မူလွန်(၂၀)စာသင်ကျောင်းတွင် ဖွင့်လှစ်သည့် ယဉ် ကျေးလိမ္မာသင်တန်းကျောင်းသို့ တက်ရောက်နေသည့် မူလတန်းအဆင့်ရှိ ကျောင်းသူ/သားများကိုလည်းကောင်း၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပန်းချီသင်တန်း တက်ရောက်နေသည့် သင်တန်းသား/သူများကိုလည်းကောင်း မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်မေသူအောင်နှင့် အဖွဲ့ဝင်များက အချိုရည်ဘူးများနှင့် မုန့်များကို  လက်ဝယ်အရောက် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ခင်စောလွင် 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)