မြို့သစ်တွင် ဒေသထွက် ကြက်သွန်နီ စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းသော်လည်း ရောင်းချချိန် စျေးအနည်းငယ်ကျဆင်းနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်တွင် ဒေသထွက် ကြက်သွန်နီ စိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းသော်လည်း ရောင်းချချိန် စျေးအနည်းငယ်ကျဆင်းနေ





မြို့သစ်၊ မတ် ၂၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကြက်သွန်နီတစ်နိုင်တစ်ပိုင် စိုက်ပျိုးထုတ်လုပ်မှုများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ စျေးကောင်းရရှိရန်မျှော်လင့်နေကြောင်း ကြက်သွန်နီစိုက်ပျိုးသည့် တောင်သူကြီးများထံက သိရသည်။

မြို့သစ်မြို့နယ်တွင် ကြက်သွန်နီကို ဒေသခံပြည်သူများ ရာသီမရွေးစားသုံးနိုင်ရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန်စိုက်ပျိုးရေး ဆောင်ရွက်သူများက တစ်ပိုင်တစ်နိုင်စိုက်ပျိုးရောင်းချ လျက်ရှိသည်။

ဈေးကွက်အတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် (၁၅၀၀) မှ (၂၀၀၀) ကျပ်စျေး ဝန်းကျင် အထိရောင်းချနေရပြီး စားသုံးသူများ ဝယ်ယူစားသုံးလျက်ရှိကြောင်း၊ ယခင်ကြက်သွန်နီစျေး (၃၀၀၀) ကျပ်စျေးအထိရှိခဲ့ပြီး လက်ရှိတွင်စျေးအနည်းငယ်ကျဆင်းနေကြောင်း သိရသည်။

ကြက်သွန်နီ စိုက်ပျိုးမှုနှင့်ပတ်သက်၍ ယခင်က ကြက်သွန်နီများကို မိုးကာလအတွင်း၌ သာစိုက်ပျိုးကြပြီး ယခုကြက်သွန်နီစိုက်ပျိုးမှုကို လွန်ခဲ့သော ဆယ်နှစ်ဝန်းကျင်ခန့်မှ တောင်သူ အချင်းချင်းချိတ် ဆက်နည်းပညာရယူလေ့လာ၍ မြေအောက်ရေ အသုံးပြုကာရာသီမရွေးစတင် စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် ဆောင်းရာသီအတွက် ကြက်သွန်နီ ထုတ်လုပ်ရောင်းချနိုင်ရေး တစ်ပိုင်တစ်နိုင် စိုက်ပျိုးဆောင်ရွက်ထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ယခုနှစ်မှာ မျိုးဈေး၊ စက်သုံးဆီဈေး၊ မြေဩဇာဈေးမြင့်တက်မှုများရှိသည့်အတွက် ယခင် စိုက်ပျိုးမှုများ ထက်သွင်းအားစုစရိတ်ပိုကြောင်း၊ ယခင်ကြက်သွန်နီစျေးတစ်ပိဿာ (၃၀၀၀/၃၅၀၀) ကျပ်စျေးအထိ စျေးမြင့်တက်ခဲ့ပြီး ယခုအခါကြက်သွန်နီစျေးများ (၁၅၀၀) ကျပ်စျေးမှ (၂၀၀၀) ကျပ်စျေးအထိ ရောင်းချလာရသဖြင့်စိုက်ပျိုးတောင်သူများ စျေးကောင်းရရှိရန်မျှော်လင့်နေကြောင်း ကြက်သွန်နီစိုက်ပျိုးသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။


သန်းဝင်းထွန်း 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)